သခွားသီးက လူသားတိုင်းရဲ့ ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေအများကြီးပေးတဲ့ အစားအစာတစ်မျိုးပါပဲ။ ကျန်းမာရေးအတွက်လည်း ကောင်းကျိုးပေးတာတွေရှိသလို၊ အလှအပအတွက်လည်း ကောင်းကျိုးပေးတာတွေ ရှိပါတယ်။

နှလုံးကျန်းမာရေးအတွက်ကောင်းစေတယ်

သခွားသီးကိုပုံမှန်စားပေးရင် နှလုံးကျန်းမာရေးအတွက် ကောင်းစေပါတယ်။ သွေးပေါင်ချိန်လည်း မှန်စေပါတယ်။

ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ Alkaline တွေကို ထုတ်ပေးနိုင်တယ်

သခွားသီးကို ဖျော်ရည်လုပ်သောက်ပေးရင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ Alkaline တွေကို ထုတ်ပေးဖို့အတွက် အထောက်အကူဖြစ်စေတယ်။ ကိုယ်ခန္ဓာကျန်းမာရေး ပိုကောင်းလာစေတယ်။

အသားအရေကောင်းလာစေတယ်

သခွားသီးနဲ့ မျက်နှာပေါင်းတင်တာတွေ လုပ်လို့ရတဲ့အတွက် အသားအရေပိုကောင်းလာဖို့လည်း များစွာအကျိုးပြုပါတယ်။

ဆံပင်သန်စေတယ်

သခွားသီးကို မုန်လာဥနီနဲ့ရောကြိတ်ပြီး ဆံပင်ပေါင်းတင်ပေးရင် ဆံပင်သန်စေပါတယ်။

ဝိတ်ကျစေတယ်

သခွားသီးနဲ့လည်း ဝိတ်ကျအောင်လုပ်လို့ရပါတယ်။ တော်တော်များများကတော့ သခွားသီးကို Juice လုပ်သောက်ပြီး ဝိတ်ချလေ့ရှိပါတယ်။