ရှာလကာရည်ဆိုတာ အသီးတွေကနေ အချိန်ကြာမြင့်စွာ အချဉ်ဖောက်ပြီးပြုလုပ်ထားတာကြောင့် ခန္ဓာကိုယ်အတွက် အသုံးဝင်တဲ့ အာဟာရတွေနဲ့ Antioxidants များစွာပါဝင်ပါတယ်။

ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၁ဇွန်းကို ဒီအတိုင်းသောက်ပေးသင့်ပါတယ်။ အကယ်၍ ပြင်းလို့ မသောက်နိုင်ရင် ရေတစ်ခွက်နဲ့ရောပြီး သောက်ပေးသင့်ပါတယ်။

အစာခြေစနစ်ကို အားကောင်းစေ

Indigestion-estomacal

ပန်းသီးရှာလကာရည် စားပွဲတင်၁ဇွန်းသောက်ရင် အစာခြေစနစ်ကိုကောင်းစေပြီး ဗိုက်ပွ၊လေပွတာနဲ့ အချဉ်ဓာတ်တွေ အပေါ်ဆန်တက်ခြင်း (Heart Burn) ကိုလည်း သက်သာစေပါတယ်။

ဆီးချိုသမားတွေအတွက်ကောင်း

diabetes-2

ပန်းသီးရှာလကာရည်ကို စားပွဲတင်ဇွန်း ၁ ဇွန်းစာစားပေးရင် ရှာလကာရည်ထဲမှာပါဝင်တဲ့ Acetic အက်ဆစ်ဓာတ်တွေက သွေးအတွင်း သကြားဓာတ်ကို လျှော့ချပေးပါတယ်။

ကာဗိုဟိုက်ဒရိုတ်စုစေတဲ့ အင်ဇိုင်းတွေလျှော့စေပြီး သွေးအတွင်း ကလူးကို့စ်ဓာတ်တွေစုပုံလာတာကို ကာကွယ်ပေးပါတယ်။

နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ ကာကွယ်ပေး

getty_rf_photo_of_human_heart_on_figure

ပန်းသီး ရှာလကာရည်မှာ Chlorogenic အက်ဆစ်ဓာတ်တွေပါဝင်တာကြောင့် သွေးအတွင်းမကောင်းတဲ့ ကိုလက်စထရောဓာတ်ကို လျှော့ချပေးပါတယ်။

သွေးအတွင်းကိုလက်ထစရောဓာတ်တွေမြင့်မားနေရင် နေ့စဉ် ပန်းသီးရှာလကာရည် ၁ ဇွန်းကို စားပေးသင့်ပါတယ်။

ကျောက်ကပ်ကို သန့်စင်ပေး

kidney-stones-s2-illustration

ကျောက်ကပ်မှာ ပိုးဝင်တာတို့ ကျောက်ကပ်မှာ ကျောက်တည်တာတို့ဖြစ်နေရင် ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်းကို စားပေးသင့်ပါတယ်။ ဒါပေမယ့် တတ်ကျွမ်းတဲ့ဆရာဝန်ကို ပြသသင့်ပါတယ်။

နှာစေးနှာခေါင်းပိတ်တာ သက်သာ

Gripe

ပန်းသီးရှာလကာရည်မှာ ဘက်တီးရီးယား ပိုးမွှားတွေ မဝင်အောင် လုပ်ဆောင်ပေးပါတယ်။ နှာခေါင်းထဲက အကျိအချွဲတွေကိုလည်း လျော့ပါးအောင် ကူညီပေးပါတယ်။ လည်ပင်းနာတာ၊ အားသီးရောင်တာတို့ကိုလည်း ပျောက်ကင်းနိုင်ပါတယ်။

ကိုယ်အလေးချိန် လျှော့ချပေး

ပန်းသီးရှာလကာရည်မှာ ဗီတာမင် B6 နဲ့ Lecithin ဓာတ်တွေပါဝင်တာကြောင့် ကိုယ်အလေးချိန် လျှော့ချပေးနိုင်ပါတယ်။