မုန်လာဥနီဖျော်ရည်က ခန္ဓာကိုယ်ကျန်းမာရေးအတွက်ပါမဟုတ်ပဲ အလှအပအတွက်ပါ အရမ်းကိုကောင်းတဲ့ အသီးဖျော်ရည်ပါ။ မုန်လာဥနီဖျော်ရည်မှာ antioxidants, fiber, beta-carotene, vitamins နဲ့ minerals ဓာတ်တွေ များစွာပါဝင်လို့ ခန္ဓာကိုယ်အတွက် အရမ်းကောင်းပါတယ်။

အာနိသင်ပိုရှိချင်ရင်တော့ မနက်စောစော အိပ်ယာနိုးတာနဲ့ ဘာမှမစားသေးပဲ မုန်လာဥနီဖျော်ရည်ကို သောက်ပါ။ သကြားမထည့်ပဲ ပျားရည်လေးနည်းနည်းပဲထည့်ပြီး ကိုယ်တိုင်ဖျော်သောက်ပါ။ ဒါမှ အာနိသင်ပိုရှိမှာပါ။ တစ်နေ့တစ်ခွက် သောက်ပေးရင် လုံလောက်ပါတယ်။ ဒီလို မုန်လာဥနီဖျော်ရည်ကို နေ့တိုင်းသောက်ပေးသွားရင် သင့်အတွက်ရရှိလာမယ့် အကျိုးကျေးဇူးတွေက ဘာတွေဖြစ်မလဲ….

အမြင်အာရုံပိုကောင်းလာမယ်။

အသားအရေ ကြည်လင်ပြီး လှလာမယ်။

သဘာဝအတိုင်း ဝိတ်ကျစေမယ်။ (အချိန်တော့ယူရမှာပေါ့)

ကင်ဆာဖြစ်ပွားမှုနှုန်းကိုလျော့ကျစေမယ်။

နှလုံးကျန်းမာရေး ပိုကောင်းလာစေမယ်။

ဦးနှောက်ကျန်းမာရေး၊ ဦးနှောက်မှတ်ဉာဏ် ပိုကောင်းလာစေမယ်။

အစာခြေစနစ်ပိုကောင်းလာစေမယ်။

ကိုယ်ခံအားလည်း ကောင်းလာစေမယ်။

Source: www.stylecraze.com