ပျားရည်က လူ့ခန္ဓာကိုယ် ကျန်းမာရေးနဲ့ အလှအပအတွက် အရမ်းကိုကောင်းကျိုးပေးပါတယ်။ ပျားရည်ကို ဆေးဖြစ်ဝါးဖြစ်နဲ့ မှီဝဲသင့်ပါတယ်။ ဒါဆိုရင် ပျားရည်ကို ရေနွေးနဲ့ နေ့တိုင်း ဖျော်သောက်မယ်ဆိုရင်ကော ဘယ်လိုကောင်းကျိုးတွေ ရလာနိုင်မလဲဆိုတာကို သိသွားအောင်လို့ ပြောပြပေးလိုက် ပါတယ်။ အသက်ကြီးငယ်မရွေး မှီဝဲလို့ရပါတယ်။

ပျားရည်ကို ရေနွေးနဲ့ဖျော်သောက်တာက ဘတ်တီးရီးယားနဲ့ ပိုးမွှားတွေကို သေစေနိုင်လို့ ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်တွေကို ပြေလျော့စေ ပါတယ်။ ဖျားနာခြင်းတွေ အလွယ်တကူ မဝင်ရောက်နိုင်အောင်လည်း ကာကွယ်တားဆီးပေးနိုင်ပါတယ်။

ချောင်းဆိုး၊ ချောင်းဟန့်တဲ့အခါမှာလည်း ပျားရည်ကို ရေနွေးနဲ့ ကျဲကျဲလေးဖျော်သောက်ပေးရင် သက်သာစေပါတယ်။

ညအိပ်ခါနီးတိုင်းမှာ ပျားရည်ကို ရေနွေးနဲ့ဖျော်သောက်ပေးရင် ကောင်းမွန်စွာအိပ်ပျော်စေတယ်။ ညဘက်တော်ရုံနဲ့ အိပ်မပျော်တာတွေကိုလည်း သက်သာသွားစေပါတယ်။

ပျားရည်ကို ရေနွေးနဲ့ဖျော်သောက်တာက အစာခြေစနစ်လည်း ကောင်းမွန်စေတာကြောင့် အစာမကြေဖြစ်လေ့ရှိတဲ့သူတွေဆို မှီဝဲသင့်ပါတယ်။

ဝိတ်ကျချင်ရင်လည်း ပျားရည်ကို ရေနွေးနဲ့ဖျော်သောက်လို့ရပါသေးတယ်။ ဒါ့အပြင် အရက်သောက်တာများပြီး အရက်နာကျနေရင်လည်း ပျားရည်ကို ရေနွေးနဲ့ဖျော်ပြီးသောက်လိုက်ရင် သက်သာပျောက်ကင်းသွားပါလိမ့်မယ်။

Source: www.stylecraze.com