ရိုးရိုးရေလို့ ဆိုတာက အအေးခံထားတဲ့ ရေမဟုတ်တဲ့ ရေကို ဆိုလိုခြင်း ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ အိပ်ယာ နိုးနိုးချင်း ရေတစ်ခွက်ကို အရင်ဆုံး သောက်သင့်ကြောင်း သိရှိပြီး ဖြစ်မှာပါ။ အစာအိမ်ထဲ ဘာမှမရှိခင် ရေသောက်ခြင်းဟာ ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေကို ရစေနိုင်ပါတယ်။

၁။ အရွယ်မတိုင်ခင် အိုမင်းခြင်းကို ကာကွယ်ပေးနိုင်

အရွယ်မတိုင်ခင် အိုမင်းခြင်းဆိုတာဟာ လူတိုင်း မဖြစ်ချင်တဲ့ အရာပါ။ အချင်းချင်း တွေ့လို့ နှုတ်ဆက်ရင်တောင် နုနေတာပဲ ဆိုတဲ့ စကားဟာ အင်မတန် နားဝင်ချိုစေပါတယ်။ မနက် ရေသောက်ခြင်းဟာ ကိုယ်တွင်းက အဆိပ်တွေကို ကင်းစင်သွားစေဖို့ အကူအညီပေးပါတယ်။ အသားအရေ ကြည်လင်လာစေဖို့ အဓိက အကြောင်းအရာတစ်ခုဟာ ရေသောက်ခြင်းပါ။ ဒါကြောင့် အရွယ်တင်နုပျိုစေဖို့ မနက်ခင်းတိုင်းမှာ ရေတစ်ခွက်သောက်ပေးပါ။

၂။ နာကျင်မှုတွေကို သက်သာစေနိုင်

အကြောတောင့်တင်းခြင်းနဲ့ ကြွက်သားနာကျင်မှုတွေကို သက်သာစေနိုင်တာကတော့ ရေသောက်ခြင်းပါပဲ။ မနက်အိပ်ယာထ ရေသောက်ခြင်းဟာ သွေးလည်ပတ်မှုကို ကောင်းစေပြီးတော့ ကြွက်သားတွေ မနာကျင်စေဖို့ ကူညီပေးပါတယ်။

၃။ ကိုယ်အလေးချိန် လျှော့ကျစေနိုင်

ကိုယ်အလေးချိန် ကျစေဖို့ အတွက် အဓိကကတော့ ရေသောက်ခြင်းပါ။ မနက်ခင်း အိပ်ယာထ ရေသောက်တာနဲ့ တစ်နေကုန် ရေများများ သောက်ခြင်းဟာ ကိုယ်တွင်း အဆီတွေကို ချေဖျက်ပေးဖို့ အကောင်းဆုံး လက်နက်ပါပဲ။ မြန်မြန် ထိရောက်စေချင်တယ်ဆိုရင်တော့ မနက်အိပ်ယာထ ရေနဲ့ သံပုရာစိမ်သောက်ပါ။

၄။ သွေးလည်ပတ်မှုကို ကောင်းမွန်စေနိုင်

သွေးလည်ပတ်မှုကို ပုံမှန်ဖြစ်စေဖို့အတွက် ရေတစ်ခွက်ကို မနက်တိုင်း အိပ်ယာထတာနဲ့ သောက်ပေးပါ။ ကိုယ်တွင်း အဆိပ်တွေကို လျော့ကျစေတဲ့ အပြင် ကလီစာတွေ ကောင်းကောင်း အလုပ်လုပ်ဖို့ နှိုးပေးလိုက်သလို ဖြစ်စေပါတယ်။

၅။ ဝမ်းချုပ်မှုကို သက်သာစေနိုင်

ပုံမှန် မနက်တိုင်း ရေသောက်တဲ့ လူဟာ ဝမ်းကို ပုံမှန် ဖြစ်စေပါတယ်။ အိပ်ယာထ ရေဖန်ခွက်တစ်ခွက် သောက်လိုက်တာနဲ့ ဝမ်းသွားစေပြီး အပူအပုပ်ကင်းစေနိုင်ပါတယ်။

Ref: lifehack