ဒူးရင်းသီးက အရှေ့တောင်အာရှဘက်မှာစတင်တွေ့ရတဲ့ အသီးဖြစ်ပြီး အခုတော့ တစ်ကမ္ဘာလုံးမှာ စိုက်ပျိုးစားသောက်နေကြပါပြီ။

ဒူးရင်းသီးက ကိုယ်ခံအားစနစ်ကိုကောင်းစေပြီး၊ အရိုးတွေကို သန်မာစေကာ၊ အစာခြေစနစ်ကိုအားကောင်းစေပြီး၊ ညအိပ်မပျော်တာတွေကို သက်သာပျောက်ကင်းစေပါတယ်။

ဒူးရင်းသီးထဲမှာ ဗီတာမင်စီ၊ ဖောလစ်အက်ဆစ်၊ Riboflavin ၊ Niacin ၊ ဗီတာမင် B6 ၊ ဗီတာမင် A တို့ပါဝင်ပါတယ်။

အဲ့ဒီအပြင် ပိုတက်ဆီယမ်၊ သံဓာတ်၊ ကယ်ဆီယမ်၊ ဆိုဒီယမ်၊ ဇန့် နဲ့ Phosphorus ဓာတ်တို့ပါဝင်နေပါတယ်။

အစာခြေစနစ်ကို အားကောင်းစေ

ပြင်းပြင်းထန်ထန် အစာအဆိပ်သင့်စေတဲ့ အစားအစာများ

ဒူးရင်းသီးမှာ အမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် အစာခြေစနစ်ကို အားကောင်းစေပါတယ်။ ဒါ့ကြောင့် ဝမ်းချုပ်တာတို့၊ အစာအိမ်အချဉ်ရည် အပေါ်ဆန်တက် (Heartburn) တဲ့ ရောဂါ၊ အစာမခြေနိုင်တာတွေကို ကာကွယ်ပေးပါတယ်။

အရွယ်တင်နုပျိုစေ

ဒူးရင်းသီးကို လူတွေက ဘာကြောင့် “အသီးတွေထဲက ဘုရင်”လို့ တင်စားကြပါသလဲ။ ဒူးရင်းသီးက အရသာလည်းကောင်းရုံသာမက Antioxidants ဓာတ်တွေလည်း များစွာပါဝင်တာကြောင့် ကျန်းမာရေးအတွက် ကောင်းပါတယ်။

ဗီတာမင်ဓာတ်တွေ၊ Antioxidants တွေပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲက Free Radicals တွေကိုဖယ်ရှားပေးပြီး ပျက်စီးနေတဲ့ ဆဲလ်တွေကိုလည်း ပြန်လည်ပြုပြင်ပေးပါတယ်။ ဒါ့ကြောင့် အရေးအကြောင်း၊ အမည်းစက်၊ ဆံပင်ကျွတ်တာတွေကိုလျော့ချပေးနိုင်ပါတယ်။

ညအိပ်မပျော်တာကို လျော့ချပေး

ဒူးရင်းသီးမှာ Tryptophan ဓာတ်ပါဝင်ပြီး ဒီဓာတ်က အလွယ်တကူ အိပ်ပျော်နိုင်အောင် ကူညီပေးပါတယ်။ ဒါ့ကြောင့် တချို့နိုင်ငံတွေမှာ ဒီဓာတ်ကိုထုတ်ယူပြီး အိပ်ပျော်တဲ့ ဆေးဝါးအဖြစ်အောင် အသုံးပြုကြပါတယ်။

Trytophan ဓာတ်က ဦးနှောက်ထဲဝင်ရောက်တဲ့အခါမှာ Serotonin ဓာတ်ကိုပြောင်းလဲသွားပြီး စိတ်ပျော်ရွှင်မှုနဲ့ စိတ်သက်တောင့်သက်သာဖြစ်မှုတွေကို ခံစားရပါတယ်။

ဒီဓာတ်က Melatonin ဆိုတဲ့ ဓာတ်ကို သွေးထဲလွတ်လိုက်ပြီး ခန္ဓာကိုယ်ကို ပင်ပန်းစေကာ အိပ်ပျော်အောင်လုပ်ဆောင်ပေးပါတယ်။

အရိုးကျန်းမာရေး

ဒူးရင်းသီးမှာ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ Manganese ဓာတ်၊ ကော့ပါး တို့ပါဝင်တာကြောင့် အရိုးကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။