အခုခေတ်မှာ လူတွေ အများစုက အလုပ်တွေလုပ်ရ၊ ကျောင်းတွေတက်ရနဲ့ မအားလပ်ကြပါဘူး။

ဘယ်လောက်ဘဲ မအားနေပါစေ မနက်စာကိုတော့ အာဟာရ ရှိရှိ စားသုံးသင့်ပါတယ်။ အာဟာရ ရှိရှိလို့ ပြောတဲ့နေရာမှာလည်း ဆီတွေ၊ အဆီအစိမ့်တွေ မစားမိဖို့ကလည်း အရေးကြီးပါတယ်။ ဆီများတဲ့ အစားအစာတွေ စားမိရင်လည်း သွေးအတွင်း ကိုလက်စထရောဓာတ်ကို မြင့်မားစေပြီး နှလုံးနဲ့ ပတ်သက်တဲ့ရောဂါတွေဖြစ်နိုင်ပါတယ်။

ဒါကြောင့် အချိန်လည်း မအားလပ်ဘူးဆိုရင် ပန်းကန်ထဲ နွားနို့နဲ့ ရောပြီး ချက်ခြင်းသောက်လို့ရတဲ့ ဆီရီရယ် (Cereal) ကို ရွေးချယ်သင့်ပါတယ်။

ဆီရီရယ် (Cereal) ကို မနက်စာ အဖြစ် အနောက်နိုင်ငံတော်တော်များများက စားသုံးနေကြပါပြီ။

ဆီရီရယ် (Cereal) ကို ဒီအတိုင်းချည်းမစားချင်ရင်လည်း အသီးအနှံတွေဖြစ်တဲ့ စပျစ်သီး၊ စတော်ဘယ်ရီသီး၊ အခွံမာသီးတွေ စတဲ့ ကိုယ်ကြိုက်နှစ်သက်တဲ့ အရသာ ရအောင် ရောစပ် စားသုံးလို့ရပါတယ်။

ဆီရီရယ် (Cereal) က လူတွေ စားသုံးလို့ရတဲ့ ကောက်နှံတွေကို ခေါ်ပါတယ်။ ဆီရီရယ်ကို ဆန်၊ ဂျုံ၊ လူး၊ ပြောင်းဖူး၊ နှံစားပြောင်း၊ ဘာလီ၊ ဆပ် စတဲ့ အစေ့အစံတွေကနေ ထုတ်လုပ်ထားပါတယ်။

ဒါကြောင့် ဆီရီရယ်ထဲမှာ ဗီတာမင်ဓာတ်၊ ဓာတ်ဆားဓာတ်၊ ကာဗွန်ဟိုက်ဒရိတ် လို့ခေါ်တဲ့ ကစီဓာတ်၊ ပရိုတင်းဓာတ်နဲ့ အဆီဓာတ်တို့ ပါဝင်ပါတယ်။ ဒါကြောင့် အာဟာရပြည့်ဝပြီး တစ်နေ့တာလုံးအတွက် စွမ်းအင်ပေးနိုင်တဲ့အပြင် ခုခံအားကောင်းပြီး ရောဂါမ၀င်အောင်လည်း ကူညီပေးပါတယ်။

ဆီရီရယ် (Cereal) ကိုစားသုံးပေးရင်

  • အစာခြေစနစ်ကို ကောင်းမွန်စေပြီး ၀မ်းချုပ်တာကို ကာကွယ်ပေးပါတယ်။

ဆီရီရယ် (Cereal) မှာ အမျှင်ဓာတ်တွေ နဲ့ အစာခြေစနစ်ကို ကောင်းမွန်စေတဲ့ ဓာတ်တွေပါဝင်တာကြောင့် ၀မ်းချုပ်တာကိုလည်း ကာကွယ်ပေးပါတယ်။ အဲ့ဒီအပြင် အစာခြေစနစ်ကို အထောက်အပံ့ပေးတဲ့ ကောင်းမွန်တဲ့ ဘက်တီးရီးယား ပိုးမွှားတွေလည်းပါဝင်ပါတယ်။

  • ကိုယ်အလေးချိန်ကို ထိန်းပေးပြီး ကိုလက်စထရောဓာတ်ကိုလည်း ကျဆင်းစေ

ဆီရီရယ် (Cereal) မှာ အမျှင်ဓာတ်တစ်မျိုးဖြစ်တဲ့ Dietary Fiber ပါဝင်တာကြောင့် ကိုယ်အလေးချိန်ကို ထိန်းထားပေးနိုင်ပါတယ်။ အဲ့ဒီ Dietary Fiber ကြောင့် ဗိုက်ပြည့်စေပြီး အစား အလွန်အကျွံမစားဖြစ်အောင်လည်း ကူညီပေးပါတယ်။

အမျှင်ဓာတ်က အစားအစာတွေထဲမှာပါဝင်လာတဲ့ အဆီဓာတ်ကို သိပ်မစုပ်အောင်ကူညီပေးတာကြောင့် ကိုယ်အလေးချိန် မတက်တဲ့အပြင် ကျတောင် ကျနိုင်ပါတယ်။ အဲ့ဒီအပြင် သွေးအတွင်း မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေကိုလည်း လျှော့ချပေးပါတယ်။

  • တစ်နေ့တာ လှုပ်ရှားဖို့အတွက် အားအင်ကို ပေးစွမ်းနိုင်

ဆီရီရယ်မှာလည်း တစ်နေ့တာ လှုပ်ရှားဖို့အတွက် အားအင်ကို ပေးစွမ်းနိုင်တဲ့ ကယ်လိုရီပါဝင်နေပါတယ်။ ဒါပေမယ့် မနက်စာကို အများအားဖြင့် ဆီရီရယ် ၄၀ ကနေ ၅၀ ဂရမ်လောက်ဘဲ စားသုံးကြတာကြောင့် ကယ်လိုရီ ၁၅၀ ကျော်လောက်ဘဲ ရှိပါတယ်။ ဒါ့ကြောင့် ကိုယ်အလေးချိန် မတက်စေဘဲ တစ်နေ့တာလုံးလှုပ်ရှားနိုင်ဖို့ အားအင်ကို ပေးစွမ်းနိုင်ပါတယ်။

  • ဗီတာမင်ဓာတ်တွေနဲ့ သတ္တုဓာတ် ပေးစွမ်းနိုင်

ဆီရီရယ်မှာ ဗီတာမင်ဓာတ်တွေ၊ သတ္တုဓာတ်တွေနဲ့ တခြား အာဟာရ ဓာတ်တွေအများကြီးပါဝင်ပါတယ်။ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ Phosphorus နဲ့ ဗီတာမင် ဘီ စတဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ ဒီဓာတ်တွေကို အစာအိမ်နဲ့ အူတွေက စုပ်ယူပြီး ကိုယ်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့နေရာတွေကို သွေးကနေ တစ်ဆင့်ပို့ပေးပါတယ်။

မဂ္ဂနီဆီယမ်ဓာတ်ဆိုရင်လည်း ကြွက်သားတွေ လုပ်ဆောင်မှုကောင်းအောင်၊ အရိုးတွေ သန်မာအောင်ကူညီပေးပါတယ်။ သံဓာတ်က သွေးမှာရှိတဲ့ ဆဲလ်တွေကို အောက်စီဂျင်စုပ်ယူနိုင်အောင် ကူညီပေးပြီး အဆုတ်ထဲက ကြွက်သားဆဲလ်တွေကိုလည်း အောက်စီဂျင်ရရှိအောင် ကူညီပေးပါတယ်။

အခုဖော်ပြခဲ့သလိုပဲ အာဟာရ ရှိတဲ့ မနက်စာကို အချိန်မကုန်ဘဲစားချင်ရင် “Nestle Bear Brand” ဆီရီရယ်ကို စားသုံးပေးဖို့ ညွှန်းချင်ပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အဟာရဓါတ်တွေ ကြွယ်ဝစွာပါဝင်တဲ့အပြင် ဈေးနှုန်းချိုချို၊ လွယ်လွယ်ကူကူနဲ့ အလျင်အမြန် ပြုလုပ်စားသုံးနိုင်လို့ သိပ်ကိုအဆင်ပြေပါတယ်။

“Nestle Bear Brand” ဆီရီရယ်မှာ နို့ရော ကောက်နှံရောပါဝင်ပြီး ဗီတာမင်ဓာတ်တွေ၊ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ သာမန်ဆီရီရယ်နဲ့မတူဘဲ နှံစားသီးနှံ ဆီရီရယ်ဖြစ်ပြီး အကောင်းတကာ့ အကောင်းဆုံး နှံစားသီးနှံတွေရောပြီး ပြုလုပ်ထားတာပါ။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး တစ်နေ့လုံး ကျောင်းမှာ အလုပ်မှာ အာရုံစူးစိုက်နိုင်ဖို့ Nestle Bear Brand ဆီရီရယ်ကို မနက်စာအဖြစ် စားသုံးပြီး တစ်နေ့တာ စတင်လိုက်ကြရအောင်ပါ။

“Nestle Bear Brand” ဆီရီရယ်ကို စူပါမားကက်တိုင်းမှာ ၀ယ်လို့ရနေပြီလို့ ထပ်လောင်း သတင်းပေးလိုက်ပါတယ်။