Salad ဆိုတာ အနောက်နိုင်ငံတွေမှာတော့ မြန်မာတွေ တို့စရာစားသလို နေ့လည်စာ၊ ညစာ တွေတိုင်းမှာ စားကြပါတယ်။ တကယ်တော့ Salad ဆိုတာ အသီးအရွက်တွေကို အစိမ်းစားခြင်း တစ်မျိုးပါပဲ။
Salad စားခြင်းဟာ ကျန်းမာရေးနဲ့ အတော်ညီညွှတ်တယ်လို့ ဆိုရပါမယ်။ ပိုးသတ်ဆေးတွေကိုတော့ နည်းနည်းသတိပြုရပါမယ်။ ဘာကြောင့်လဲဆိုရင် အစိမ်းစားတာမို့ပါ။ Salad စားခြင်းကြောင့် ရနိုင်မယ့် အကျိုးကျေးဇူးတွေကတော့ အကျဉ်းချုပ်ပြောရရင် ၅မျိုးပါ။
ကိုယ်အလေးချိန်ကို လျှော့ချနိုင်
အသီးအရွက်တွေ ဖြစ်တာမို့ ကယ်လိုရီ နည်းပါးစွာ ပါဝင်ပြီး ကိုယ်ခန္ဓာထဲက အဆိပ်တွေကို လျော့ချပေးပါတယ်။
ရောဂါတွေကို မဖြစ်ပွားနိုင်
အစိမ်းရောင် အသီးအရွက်တွေနဲ့ သစ်သိးတွေဟာ ပိုးမွှားမျိုးစုံကို ကာကယ်ပေးနိုင်ပြီး ကင်ဆာနဲ့ နှလုံးရောဂါတွေကို မဖြစ်ပွားစေနိုင်ပါဘူး။
အသားအရည်ကို ကောင်းမွန်စေနိုင်
အသားအရည်ကို ကြည်လင်စေပြီး နေလောင်ခြင်း၊ အမည်းစက်တွေ ဖြစ်ပွားစေခြင်းတို့ကနေ ကာကွယ်နိုင်ပါတယ်။
အစာကြေလွယ်
အသီးအရွက်ဟာ အမျှင်ဓာတ် ပါဝင်မှု များတဲ့ အတွက် အစာကြေလွယ်ပြီး ဝမ်းကို မှန်စေနိုင်ပါတယ်။
အစာစားချင်စိတ်ကို တားဆီးနိုင်
Salad တွေဟာ အခြား အဆီတွေများတဲ့ အစားအစာတွေကို စားချင်စိတ် မဖြစ်စေနိုင်ပါဘူး။
Credit: zeenews