မိုးတွင်းဆိုရင် ဖားသားဟင်းလေးတွေနဲ့ ထန်းရည်၊ ခေါင်ရည်မြည်းတာမျိုး သဘောကျကြမှာပါ။ တချို့တွေအတွက်တော့ ရွံစရာ၊ ကြောက်စရာကောင်းတယ်လို့ ယူဆကြပေမယ့် တကယ်တမ်းတော့ တခြား ကျန်းမာရေး အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။

ဖားသား 100 ဂရမ်မှာဆိုရင် ကယ်လိုရီ 73 ၊ ပရိုတင်း 16.4 gr၊ အဆီဓာတ် 0.3 gr ၊ ကယ်ဆီယမ်ပါဝင်မှု 18 mg ၊ Phosphorus ပါဝင်မှု 147 mg ၊ သံဓာတ် 1 mg ၊ ဗီတာမင် B1 နဲ့ ဗီတာမင် C တို့ပါဝင်နေပါတယ်။

ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်

ဖားသားမှာ ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ကျန်းမာရေးအတွက်ကောင်းပါတယ်။

အမျိုးသားတွေရဲ့ ကျန်းမာရေးအတွက် ကောင်းမွန်


ဖားသားမှာပါဝင်တဲ့ဓာတ်တွေက အမျိုးသားတွေကို ခွန်အားရှိစေပြီးခံနိုင်ရည်အားကောင်းစေပါတယ်။

ပန်းနာရင်ကြပ်ရောဂါကို ကာကွယ်ပေး


ဖားသားက ပန်းနာရင်ကြပ်ရောဂါကို သက်သာစေနိုင်သလို မဖြစ်သေးသူတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ပီရူးနိုင်ငံမှာဆိုရင် ဖားသားကို ဆေးဖက်ဝင် အစားအစာအဖြစ်စားသုံးကြပါတယ်။

အနာကိုအကျက်မြန်စေ


ဖားသားမှာ ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် အနာအကျက်မြန်ပါတယ်။ ပီရူးနိုင်ငံမှာဆိုရင် ဒဏ်ရာရရှိသူတွေကို အနာအကျက်မြန်အောင် ဖားသားကျွေးလေ့ရှိပါတယ်။

လေဖြတ်ရောဂါ


လေဖြတ်တဲ့ရောဂါကြောင့် သွေးကြောတွေပျက်စီးတာကို ပြန်လည်ကုသပေးနိုင်တဲ့အစွမ်း ဖားသားမှာရှိတယ်လို့ သုတေသနတချို့အရသိရပါတယ်။

ရောဂါပိုးမွှားတွေကာကွယ်နိုင်

ဖားသားမှာ ဖျားနာမှုကိုဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ ဓာတ်တွေပါဝင်ပါတယ်။ အာရပ်နိုင်ငံများ တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ သုတေသနမှာ ဖော်ပြထားပါတယ်။