ဂျင်း ပြုတ်ရည် ကို သောက်ဖူးပါသလား။ ဂျင်းက အနံ့လေးကလည်းသင်းပြီး စပ်ပျင်းပျင်းအရသာရှိပါတယ်။ အာရှရဲ့ တိုင်းရင်းဆေးတွေမှာဆိုရင် ဂျင်းကို အဓိကအသုံးပြုကြပါတယ်။

ဂျင်းပြုတ်ရည် ပြုလုပ်ရန် လိုအပ်တဲ့ပစ္စည်းများ

ရေ ၁ လီတာ

တောက်တောက်စဉ်းထားတဲ့ ဂျင်း ၄၀ ဂရမ်

ပြုလုပ်နည်း

ပထမဆုံး ရေကို အပူပေးပါ။ ရေဆူလာရင် ဂျင်းကိုထည့်ပါ။ ပြီးရင် ၁၀ မိနစ်လောက် မီးအေးအေးနဲ့ ခဏလောက်ပြုတ်ထားပါ။

မီးဖိုပေါ်ကနေ ချပြီး ခဏအအေးခံပါ။

ရေတွေကိုဘဲ စစ်ထုတ်လိုက်ပါ။ ဂျင်းပြုတ်ရည်ကို ပူပူလေးဖြစ်ဖြစ် သို့မဟုတ် အေးမှဖြစ်ဖြစ် စိတ်ကြိုက်သောက်သုံးနိုင်ပါတယ်။ ဂျင်း အချိုကြိုက်ရင် ပျားရည်အနည်းငယ်ထည့်ပြီးသောက်လို့ရပါတယ်။

ဇီဝကမ္မဖြစ်စဉ်ကို မြန်စေ

ဂျင်းက ဇီဝကမ္မဖြစ်စဉ်ကို မြန်စေပြီး အဆီကိုပိုပြီး လောင်ကျွမ်းကာ ကိုယ်အလေးချိန် လျော့ကျစေပါတယ်။

အစာခြေစနစ်ကို မြှင့်တင်ပေး

အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် အူရဲ့လုပ်ငန်းဆောင်တာတွေကို မြှင့်တင်ပေးပါတယ်။

အဲ့ဒီအပြင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်စွမ်းရှိတာကြောင့် အာဟာရဓာတ်တွေကို ခန္ဓာကိုယ်က ပိုစုပ်ယူနိုင်အောင်ကူညီပေးပါတယ်။

စွမ်းအားမြင့် Antioxidants ဓာတ်တွေပါဝင်

Antioxidants ဓာတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် နှလုံးကျန်းမာရေးအတွက်ကောင်းပါတယ်။ သွေးလွှတ်ကြောတွေ ကျဉ်းတာ၊ မာတာကို ကာကွယ်ပေးပြီး သွေးစီးဆင်းမှုအဆင်ပြေအောင် ကူညီပေးပါတယ်။

အလှအပ ပိုင်းမှာဆိုရင်လည်း ဆံပင်ကျွတ်၊ ဆံပင်ခြောက်တာကိုလည်း ကာကွယ်ပေးပါတယ်