စပျစ်သီးတွေမှာ ကိုယ်ခံအားကိုမြှင့်တင်ပေးတဲ့ ဗီတာမင် စီဓာတ်တွေ၊ အားအင်ကို ဖြစ်စေတဲ့ဓာတ်တွေနဲ့ Antioxidants ဓာတ်တွေ ပါဝင်နေပါတယ်။

အရွယ်တင်နုပျိုစေ

စပျစ်သီးတွေက အသားအရေကို ညီညာစေပြီး အိုမင်းရင့်ရော်မှုကို နှေးစေပါတယ်။ စပျစ်သီးတွေမှာ Skin Care ပစ္စည်းတွေမှာပါဝင်တဲ့ Anti-Aging ဓာတ်တွေလည်းပါဝင်နေပါတယ်။

အသားအရေ လှဖို့အတွက် စပျစ်သီးတွေကို ပုံမှန်စားပေးနိုင်သလို၊ စပျစ်သီးတွေ အသားမှာ သုတ်လိမ်းပေးလို့လည်းရပါတယ်။

အရေးအကြောင်းတွေ လျော့နည်းဖို့ဆိုရင် စပျစ်သီးအသားချည်းဘဲ မျက်နှာပေါ်မှာ စက်ဝိုင်းပုံစံ သုတ်လိမ်းပေးပါ။ မိနစ် ၂၀ လောက်အကြာမှ ရေအေးအေးနဲ့ ဆေးပေးပါ။

အသားရေကိုလည်း ချောမွတ်စေပါတယ်။ စပျစ်သီးမှာ Exfoliation Agents တွေပါဝင်တာကြောင့် သင့်အသားအရေကို နူးညံ့စေပါတယ်။

အသားအရေ မညီတာကို တိုက်ဖျက်ပေး

အသားအရေ လှပဖို့ စပျစ်သီးကို စားသုံးကြရအောင်

အသက်ကြီးလာတဲ့အခါမှာ အသားအရေ မညီတာတွေဖြစ်လာတတ်ပါတယ်။ စပျစ်သီးမှာ Polyphenols ဓာတ်ပါဝင်တာကြောင့် အသားအရေ မညီတာကိုအဓိက ကုသပေးနိုင်ပါတယ်။

အသားအရေညီဖို့အတွက် စပျစ်သီးကို တစ်ပတ်မှာ ၃ ကြိမ်လောက်စားပေးဖို့ လိုအပ်ပါတယ်။ ပိုပြီး မြန်မြန်ဆန်ဆန် ထိရောက်စေချင်ရင် တော့ စပျစ်အနှစ်ကို မျက်နှာမှာလိမ်းပေးပါ။

စပျစ်သီးမှ ညှစ်ထားတဲ့အရည်တွေကို အသားအရေပေါ်မှာ လိမ်းပေးပါ။ အခြောက်ခံထားပါ။ ပြီးမှ ရေအေးအေးနဲ့ ဆေးကြောပေးပါ။