သရက်သီးတင် မဟုတ်ပါဘူး၊ သရက်သီးအစေ့မှာတောင် အာဟာရဓာတ်တွေအများကြီးပါဝင်နေပါတယ်။ အစေ့တွေကို နည်းလမ်းမျိုးစုံအသုံးပြုလို့ရပါတယ်။ တချို့ အလှအကုန် ပစ္စည်းတွေမှာ ပါဝင်ပစ္စည်းနေရာမှာ သရက်သီးစေ့ဆိုတာ ရေးထားတတ်ပါတယ်။ သရက်သီးစေ့ရဲ့ အကျိုးကျေးဇူးကို ဝေမျှပေးချင်ပါတယ်။

အသားအရေ ကို ပိုကောင်းစေ

သရက်သီးစေ့ကနေ ထုတ်တဲ့အဆီက အသားအရေကို စိုစွတ်စေပြီး အသားအရေ ကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။

ဝက်ခြံဖြစ်ပေါ်မှုတွေကို ကာကွယ်ပေး

Photo Credit : www.findhomeremedy.com

သရက်သီးစေ့ကို အခြောက်ခံပြီး အမှုန့်ကြိတ်လိုက်ပါ။ ခရမ်းချဉ်သီး ဖျော်ရည်နဲ့ ရောလိုက်ပြီး မျက်နှာပေါ်မှာ လိမ်းလိုက်ပါ။ မိနစ် အနည်းငယ်လောက်ထားပြီးရင် ဖြည်းဖြည်းချင်း ရေနဲ့ဆေးချလိုက်ပါ။

ချွေးပေါက်ကျယ်တာကို ကျဉ်းစေပြီး ဝက်ခြံနဲ့ ဆားဝက်ခြံတွေကို လျော့ပါး ကူညီပေးပါတယ်။ အသားအရေပေါ်မှာ အနီစက်တွေဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးပါတယ်။

နေ့စဉ်လုပ်ဆောင်ပေးလို့ရပါတယ်။ ရေရှည်လုပ်သွားပေးဖို့ လိုအပ်ပါတယ်။