ဒန့်ဒလွန်စေ့က မြန်မာနိုင်ငံမှာ ဈေးမကြီး၊ အလွယ်တကူ ဝယ်ယူချက်စားလို့ရပါတယ်။ ဒါပေမယ့် အနောက်နိုင်ငံတွေမှာတော့ ဆေးဖက်ဝင်အစေ့အဖြစ် တစ်ကီလိုကို အရည်အသွေးအပေါ်မူတည်ပြီး ၁၀ ဒေါ်လာကနေ ဒေါ်လာ ၅၀အတွင်း ပေးစားနေကြရပါတယ်။
ဒန့်ဒလွန်စေ့မှာ အာဟာရဓာတ်ပေါင်းများစွာ၊ Antioxidants တွေနဲ့ ရောင်ရမ်းတာတွေကျစေတဲ့ ဓာတ်တွေ ပါဝင်တာကြောင့် နှလုံးရောဂါကို ကာကွယ်ပေးပြီး သွေးအတွင်းကိုလက်စထရောဓာတ်ကို လျော့ကျပေးကာ၊ သွေးအတွင်း သကြားဓာတ်ကို ထိန်းညှိပေးပြီး ကိုယ်ခံအားစနစ်ကို လျော့ချပေးပါတယ်။
သွေးအတွင်း သကြားဓာတ်ကိုလျော့ချပေး
ဒန့်ဒလွန်စေ့က သွေးအတွင်းသကြားဓာတ်ကိုလျော့ချပေးတာကြောင့် ဆီးချိုရောဂါသည်တွေအတွက် ကောင်းပါတယ်။
၂၀၁၂ခုနှစ်မှာ ဆီးချိုဖြစ်နေတဲ့ ကြွက်တွေကို ဒန့်ဒလွန်စေ့တွေကို စမ်းသပ်ပြီး ၂၁ရက်ကြာ ကျွေးမွေးခဲ့ပါတယ်။ ဒန့်ဒလွန်စေ့စားခဲ့တဲ့ ကြွက်တွေက ဆီးချိုပိုကျနေကြောင်းတွေ့ရှိခဲ့ပါတယ်။
သွေးအတွင်း ကိုလက်စထရောဓာတ်ကို လျော့ချပေး
ဒန့်ဒလွန်စေ့က သွေးအတွင်း မကောင်းတဲ့ကိုလက်စထရောဓာတ်တွေကို လျော့ချပေးပါတယ်။
နှလုံးကျန်းမာရေးကို မြှင့်တင်ပေး
ဒန့်ဒလွန်စေ့က နှလုံးကျန်းမာရေးကို မြှင့်တင်ပေးပြီး သွေးတိုးကို ကျစေပါတယ်။
ဦးနှောက်ကျန်းမာရေးအတွက် ကောင်းမွန်
ဒန့်ဒလွန်စေ့မှာ အမိုင်နိုအက်ဆစ်၊ Omgea3 Fatty အက်ဆစ်၊ Antioxidants နဲ့ ဗီတာမင် E တို့ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒီဓာတ်က ဦးနှောက်ကျန်းမာရေးကို အားကောင်းစေပါတယ်။
အသည်းကျန်းမာရေးကို မြှင့်တင်ပေး
ဒန့်ဒလွန်စေ့ဟာ အသည်းကျန်းမာရေးကိုလည်း မြှင့်တင်ပေးပါတယ်။
ကောင်းမွန်စွာအိပ်ပျော်ဖို့အားပေး
ဒန့်ဒလွန်စေ့မှာ အမိုင်နိုအက်ဆစ်၊ ဗီတာမင်၊ သတ္တုဓာတ်တွေက ကောင်းမွန်စွာအိပ်ပျော်နိုင်တဲ့ ဟော်မုန်းတွေကို အားပေးပါတယ်။
ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေး
ဒန့်ဒလွန်စေ့မှာ ပရိုတင်း၊ ဗီတာမင် A၊ C ၊ E ၊ ဇန့် နဲ့တခြား Antioxidants တွေပါဝင်တာကြောင့် ကိုယ်ခံအားနစ်ကို မြှင့်တင်ပေးပါတယ်။