[Unicode]
ကြက်သွန်နီဟာ အိမ်တိုင်းမှာ မရှိမဖြစ် လိုအပ်တဲ့ အသီးအနှံဆိုရင် မမှားပါဘူး။ ဟိုတလောက ကြက်သွန်နီတွေ ဈေးတွေတက်ကုန်တော့ အိမ်ရှင်မတွေ
ရင်တမမနဲ့ ဈေးဝယ်ခဲ့ရတာကို မှတ်မိကြဦးမှာပါ။
ဘာကြောင့်လဲဆိုတော့ ကြက်သွန်နီဟာ မြန်မာမိသားစုတိုင်း အတွက် မပါမဖြစ်တဲ့ အရာ ဖြစ်နေလို့ပါပဲ။ ကြက်သွန်နီက မျက်ရည်ကျစေပေမယ့်အရသာကတော့ အတော်ကောင်းလို့ ဆိုရပါမယ်။ ကြက်သွန်နီကို အားလုံး သိတဲ့အတိုင်း အစိမ်းစားလို့ ရသလို ဟင်းလျာတွေထဲကိုလည်း ထည့်ချက်စားလို့ ရပါတယ်။ သူပါရင် ဟင်းလျာတွေရဲ့ အနံ့ဟာ မွှေးပြီး စားချင်စဖွယ် ဖြစ်နေတော့တာပါပဲ။
ကြက်သွန်နီဟာ နေလောင်မှုကို ကာကွယ်ပေးတယ်ဆိုတာ သင် သိပါသလား? ဒီအကြောင်းပြချက်ကြောင့်ပဲ ကြက်သွန်နီကို နွေရာသီမှာ စားသုံးဖို့ အကြံပြုပါရစေ။ ကြက်သွန်နီမှာAntibiotic, Antimicrobial နဲ့ Antiseptic ဂုဏ်သတ္တိတွေ ပါဝင်ပါတယ်။ သူတို့ဟာ ရောဂါပိုးမွှားတွေကို ကာကွယ်ပေးတဲ့ အပြင် ဆံပင်၊ ဦးရေပြားနဲ့ အသားအရည်အတွက်လည်း ကောင်းကောင်း အလုပ် လုပ်ပေးပါတယ်။ ကြက်သွန်နီ သတ္တုရည်ဟာ ဗောက်နဲ့ ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးတဲ့ အပြင် ပျားတုပ် ခံရတာနဲ့ အင်းဆက်ပိုးမွှား အကိုက်ခံရတဲ့ အခါ လိမ်းပေးလို့လည်း ရပါတယ်။
ကြက်သွန်နီဟာ ဖျားနာတဲ့ အခါ အပူကို လျော့ချပေးနိုင်စွမ်းရှိပါတယ်။ တချို့ဆို မျက်စိအမြင် ကြည်လင်ဖို့ ကြက်သွန်နီ သတ္တုရည်ကို မျက်စဉ်းအဖြစ် ခတ်ပေးကြပါတယ်။ ကြက်သွန်နီကို နေ့တိုင်း စားသုံးခြင်းဟာ ညဘက် စိတ်ကစဉ့်ကလျား ဖြစ်ခြင်းကို လျော့ချပေးပါတယ်။ ကြက်သွန်နီမှာ Vitamins B အပြည့်အ၀ ပါဝင်ပြီး Vitamin B နဲ့ C ၊ ပိုတက်ဆီယမ်၊ ဆာလဖာ၊ သံဓာတ်နဲ့ အမျှင်ဓာတ်တွေ ကောင်းမွန်စွာ ပါဝင်ပါတယ်။ အဝလွန်တာကို လျော့ချပေးဖို့ ဆိုဒီယမ်ဓာတ်တွေလည်း ပါဝင်ပါတယ်။
ကြက်သွန်နီ စားသုံးခြင်းဟာ ခန္ဓာကိုယ်ထဲက Vitamin C ဓာတ်ကို မြှင့်တင်ပေးနိုင်တဲ့ အတွက် ဖျားနာခြင်း၊ ချောင်းဆိုး၊ အအေးမိနဲ့ အလက်ဂျစ်ဖြစ်တာတွေကို ခုခံပေးနိုင်စွမ်း ရှိပါတယ်။ ဦးနှောက်ရဲ့ အကြောတွေကို ကောင်းကောင်း အလုပ်ပေးတဲ့ အတွက် မှတ်ဉာဏ်တွေကို ကောင်းကောင်း ထိန်းပေးထားနိုင်ပါတယ်။ ရင်ကြပ်ရောဂါ ကုသရာမှာလည်း အထောက်အကူ ဖြစ်စေပါတယ်။ ကြက်သွန်နီဟာ ကင်ဆာ ရောဂါကို ကာကွယ်ပေးတယ်ဆိုတာတော့ အားလုံး သိပြီးဖြစ်ပါလိမ့်မယ်။ အူမကြီးကင်ဆာ၊ လည်ချောင်းကင်ဆာနဲ့ ဦးနှောက်ကင်ဆာတို့ အတွက် အရေးပါတဲ့ ကောင်းကျိုးတွေ ပေးပါတယ်။
ကြက်သွန်ကို အစိမ်းစားခြင်းဟာ ကြွက်တက်ခြင်းနဲ့ ကြွက်သားတွေ ရောင်ရမ်းနာကျဉ်တာကို သက်သာစေပါတယ်။ မြန်မာလူမျိး အများစုကတော့ အသုပ် သုပ်စားတဲ့ အခါ ကြက်သွန်စိမ်းကို ထည့်စားတတ်ပါတယ်။ မြန်မာတို့ နေ့တိုင်း စားသုံးနေတဲ့ ကြက်သွန်နီမှာ ကောင်းကျိုးတွေ အများကြီး ရှိတယ်ဆိုတာ တွေ့ရပါပြီ။ တစ်ခု သတိထားရမှာက ကြက်သွန်နီကို ဟင်းချက်ရာမှာ ထည့်ရင်ဖြစ်ဖြစ် အစိမ်းစားရင်ဖြစ်ဖြစ် အခွံနွှာပြီးတဲ့ အခါ ရေဆေးပြီးမှ စားသုံးပါလို့ အကြံပြုပါရစေ။
Credit: www.boldsky.com
Photo Credit: Adventuresinlocalfood
[Zawgyi]
ၾကက္သြန္နီဟာ အိမ္တိုင္းမွာ မရွိမျဖစ္ လိုအပ္တဲ့ အသီးအႏွံဆိုရင္ မမွားပါဘူး။ ဟိုတေလာက ၾကက္သြန္နီေတြ ေစ်းေတြတက္ကုန္ေတာ့ အိမ္ရွင္မေတြ
ရင္တမမနဲ႔ ေစ်း၀ယ္ခဲ့ရတာကို မွတ္မိၾကဦးမွာပါ။
ဘာေၾကာင့္လဲဆိုေတာ့ ၾကက္သြန္နီဟာ ျမန္မာမိသားစုတိုင္း အတြက္ မပါမျဖစ္တဲ့ အရာ ျဖစ္ေနလို႔ပါပဲ။ ၾကက္သြန္နီက မ်က္ရည္က်ေစေပမယ့္အရသာကေတာ့ အေတာ္ေကာင္းလို႔ ဆိုရပါမယ္။ ၾကက္သြန္နီကို အားလုံး သိတဲ့အတိုင္း အစိမ္းစားလို႔ ရသလို ဟင္းလ်ာေတြထဲကိုလည္း ထည့္ခ်က္စားလို႔ ရပါတယ္။ သူပါရင္ ဟင္းလ်ာေတြရဲ႕ အနံ႔ဟာ ေမႊးၿပီး စားခ်င္စဖြယ္ ျဖစ္ေနေတာ့တာပါပဲ။
ၾကက္သြန္နီဟာ ေနေလာင္မႈကို ကာကြယ္ေပးတယ္ဆိုတာ သင္ သိပါသလား? ဒီအေၾကာင္းျပခ်က္ေၾကာင့္ပဲ ၾကက္သြန္နီကို ေႏြရာသီမွာ စားသံုးဖို႔ အႀကံျပဳပါရေစ။ ၾကက္သြန္နီမွာAntibiotic, Antimicrobial နဲ႔ Antiseptic ဂုဏ္သတၱိေတြ ပါ၀င္ပါတယ္။ သူတို႔ဟာ ေရာဂါပိုးမႊားေတြကို ကာကြယ္ေပးတဲ့ အျပင္ ဆံပင္၊ ဦးေရျပားနဲ႔ အသားအရည္အတြက္လည္း ေကာင္းေကာင္း အလုပ္ လုပ္ေပးပါတယ္။ ၾကက္သြန္နီ သတၱဳရည္ဟာ ေဗာက္နဲ႔ ဆံပင္ကြ်တ္ျခင္းကို ကာကြယ္ေပးတဲ့ အျပင္ ပ်ားတုပ္ ခံရတာနဲ႔ အင္းဆက္ပိုးမႊား အကိုက္ခံရတဲ့ အခါ လိမ္းေပးလို႔လည္း ရပါတယ္။
ၾကက္သြန္နီဟာ ဖ်ားနာတဲ့ အခါ အပူကို ေလ်ာ့ခ်ေပးႏုိင္စြမ္းရွိပါတယ္။ တခ်ိဳ႕ဆို မ်က္စိအျမင္ ၾကည္လင္ဖို႔ ၾကက္သြန္နီ သတၱဳရည္ကို မ်က္စဥ္းအျဖစ္ ခတ္ေပးၾကပါတယ္။ ၾကက္သြန္နီကို ေန႔တိုင္း စားသံုးျခင္းဟာ ညဘက္ စိတ္ကစဥ့္ကလ်ား ျဖစ္ျခင္းကို ေလ်ာ့ခ်ေပးပါတယ္။ ၾကက္သြန္နီမွာ Vitamins B အျပည့္အ၀ ပါ၀င္ၿပီး Vitamin B နဲ႔ C ၊ ပိုတက္ဆီယမ္၊ ဆာလဖာ၊ သံဓာတ္နဲ႔ အမွ်င္ဓာတ္ေတြ ေကာင္းမြန္စြာ ပါ၀င္ပါတယ္။ အ၀လြန္တာကို ေလ်ာ့ခ်ေပးဖို႔ ဆိုဒီယမ္ဓာတ္ေတြလည္း ပါ၀င္ပါတယ္။
ၾကက္သြန္နီ စားသံုးျခင္းဟာ ခႏၶာကိုယ္ထဲက Vitamin C ဓာတ္ကို ျမွင့္တင္ေပးႏိုင္တဲ့ အတြက္ ဖ်ားနာျခင္း၊ ေခ်ာင္းဆိုး၊ အေအးမိနဲ႔ အလက္ဂ်စ္ျဖစ္တာေတြကို ခုခံေပးႏုိင္စြမ္း ရွိပါတယ္။ ဦးေႏွာက္ရဲ႕ အေၾကာေတြကို ေကာင္းေကာင္း အလုပ္ေပးတဲ့ အတြက္ မွတ္ဥာဏ္ေတြကို ေကာင္းေကာင္း ထိန္းေပးထားႏုိင္ပါတယ္။ ရင္ၾကပ္ေရာဂါ ကုသရာမွာလည္း အေထာက္အကူ ျဖစ္ေစပါတယ္။ ၾကက္သြန္နီဟာ ကင္ဆာ ေရာဂါကို ကာကြယ္ေပးတယ္ဆိုတာေတာ့ အားလံုး သိၿပီးျဖစ္ပါလိမ့္မယ္။ အူမႀကီးကင္ဆာ၊ လည္ေခ်ာင္းကင္ဆာနဲ႔ ဦးေႏွာက္ကင္ဆာတို႔ အတြက္ အေရးပါတဲ့ ေကာင္းက်ိဳးေတြ ေပးပါတယ္။
ၾကက္သြန္ကို အစိမ္းစားျခင္းဟာ ၾကြက္တက္ျခင္းနဲ႔ ၾကြက္သားေတြ ေရာင္ရမ္းနာက်ဥ္တာကို သက္သာေစပါတယ္။ ျမန္မာလူမ်ိး အမ်ားစုကေတာ့ အသုပ္ သုပ္စားတဲ့ အခါ ၾကက္သြန္စိိမ္းကို ထည့္စားတတ္ပါတယ္။ ျမန္မာတို႔ ေန႔တိုင္း စားသံုးေနတဲ့ ၾကက္သြန္နီမွာ ေကာင္းက်ိဳးေတြ အမ်ားႀကီး ရွိတယ္ဆိုတာ ေတြ႔ရပါၿပီ။ တစ္ခု သတိထားရမွာက ၾကက္သြန္နီကို ဟင္းခ်က္ရာမွာ ထည့္ရင္ျဖစ္ျဖစ္ အစိမ္းစားရင္ျဖစ္ျဖစ္ အခြံႏႊာၿပီးတဲ့ အခါ ေရေဆးၿပီးမွ စားသံုးပါလို႔ အႀကံျပဳပါရေစ။
Credit: www.boldsky.com
Photo Credit: Adventuresinlocalfood