[Unicode]

သစ်ဆိမ့်သီး (Pistachios) တွေမှာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အဆီဓာတ်တွေ၊ အမျှင်ဓာတ်၊ ပရိုတင်းဓာတ်နဲ့ Antioxidants ဓာတ်တွေပါဝင်နေပါတယ်။ သမိုင်းစာပေတွေအရ သစ်ဆိမ့်သီး (Pistachios) ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၉ ထောင်ကျော်ကတည်းက စားသုံးလာကြပါတယ်။

နှလုံးကျန်းမာရေး

သစ်ဆိမ့်သီး (Pistachios) တွေမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီဓာတ်တွေပါဝင်တာကြောင့် နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။ အဲ့ဒီအပြင် သွေးအတွင်း မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေကို လျော့ချပေးနိုင်တာကြောင့် သွေးလွှတ်ကြောအတွင်းမှာ အနယ်ကျတာကို ကာကွယ်ပေးနိုင်ပါတယ်။

အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးနိုင်

ဗီတာမင် E ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် အသားအရေကို UV ဓာတ်ကြောင့်ပျက်စီးမှုကနေ ကာကွယ်ပေးပြီး အိုမင်းရင့်ရော်တဲ့ အချိန်ကာလကို နောက်ကျစေပါတယ်။ ပါဝင်တဲ့ ကော့ပါးဓာတ်က Elastin ဓာတ်ကိုထုတ်လုပ်ပေးပြီး အဲ့ဒီဓာတ်က အသားအရေတွေမှာ အရေးအကြောင်းဖြစ်မှုတွေကို လျော့ကျစေပါတယ်။ ဗီတာမင် B6 လည်းပါဝင်တာကြောင့် အသားအရေနဲ့ ဆံသားကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ချိန်မှာ စားပေးသင့်

သစ်ဆိမ့်သီး (Pistachios) မှာ ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ချိန်မှာ အဓိကလိုအပ်တဲ့ အာဟာရဓာတ်တွေအများကြီးပါဝင်ပါတယ်။ ဒါ့ကြောင့် သစ်ဆိမ့်သီး (Pistachios) ကို Snack Food အနေနဲ့ စားပေးသင့်ပါတယ်။

ကိုယ်ခံအားကိုကောင်းစေ

သစ်ဆိမ့်သီး (Pistachios) မှာ ဇန့်ဓာတ်ပါဝင်တာကြောင့် ကိုယ်ခံအားကို ကောင်းစေပါတယ်။ ဗီတာမင် B6 လည်းပါဝင်တာကြောင့် သင့်ကိုကိုယ်ခံအားကောင်းပြီး ကျန်းမာအောင် ကူညီပေးနိုင်ပါတယ်။

ဦးနှောက်အတွက် စွမ်းအားမြင့် အစားအစာ

ဗီတာမင် E ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ဦးနှောက်ရဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိတဲ့ လုပ်ဆောင်ချက်တွေ၊ သင်ယူခြင်း၊ အချက်အလက်သိမ်းဆည်းခြင်း စသည့်လုပ်ဆောင်ချက်တွေကို ပိုပြီးအားကောင်းစေပါတယ်။

အဲ့ဒီအပြင် ကင်ဆာဆေးဝါးတွေသောက်သုံးနေသူတွေအတွက်လည်း ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေ မထိခိုက်အောင်လည်း ကူညီပေးနိုင်ပါတယ်။

[Zawgyi]

သစ္ဆိမ့္သီး (Pistachios) ေတြမွာ က်န္းမာေရးအတြက္ ေကာင္းမြန္တဲ့ အဆီဓာတ္ေတြ၊ အမွ်င္ဓာတ္၊ ပရိုတင္းဓာတ္နဲ႔ Antioxidants ဓာတ္ေတြပါဝင္ေနပါတယ္။ သမိုင္းစာေပေတြအရ သစ္ဆိမ့္သီး (Pistachios) ကို လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၉ ေထာင္ေက်ာ္ကတည္းက စားသံုးလာၾကပါတယ္။

ႏွလံုးက်န္းမာေရး

သစ္ဆိမ့္သီး (Pistachios) ေတြမွာ က်န္းမာေရးနဲ႔ ညီညြတ္တဲ့ အဆီဓာတ္ေတြပါဝင္တာေၾကာင့္ ႏွလံုးေရာဂါကို ကာကြယ္ေပးပါတယ္။ အဲ့ဒီအျပင္ ေသြးအတြင္း မေကာင္းတဲ့ ကိုလက္စထေရာဓာတ္ေတြကို ေလ်ာ့ခ်ေပးႏိုင္တာေၾကာင့္ ေသြးလႊတ္ေၾကာအတြင္းမွာ အနယ္က်တာကို ကာကြယ္ေပးႏိုင္ပါတယ္။

အိုမင္းရင့္ေရာ္မႈကို ကာကြယ္ေပးႏိုင္

ဗီတာမင္ E ဓာတ္ၾကြယ္ဝစြာပါဝင္တာေၾကာင့္ အသားအေရကို UV ဓာတ္ေၾကာင့္ပ်က္စီးမႈကေန ကာကြယ္ေပးၿပီး အိုမင္းရင့္ေရာ္တဲ့ အခ်ိန္ကာလကို ေနာက္က်ေစပါတယ္။ ပါဝင္တဲ့ ေကာ့ပါးဓာတ္က Elastin ဓာတ္ကိုထုတ္လုပ္ေပးၿပီး အဲ့ဒီဓာတ္က အသားအေရေတြမွာ အေရးအေၾကာင္းျဖစ္မႈေတြကို ေလ်ာ့က်ေစပါတယ္။ ဗီတာမင္ B6 လည္းပါဝင္တာေၾကာင့္ အသားအေရနဲ႔ ဆံသားက်န္းမာေရးအတြက္ ေကာင္းမြန္ပါတယ္။

ကိုယ္ဝန္ေဆာင္ခ်ိန္နဲ႔ ႏို႔တိုက္ခ်ိန္မွာ စားေပးသင့္

သစ္ဆိမ့္သီး (Pistachios) မွာ ကိုယ္ဝန္ေဆာင္ခ်ိန္နဲ႔ ႏို႔တိုက္ခ်ိန္မွာ အဓိကလိုအပ္တဲ့ အာဟာရဓာတ္ေတြအမ်ားႀကီးပါဝင္ပါတယ္။ ဒါ့ေၾကာင့္ သစ္ဆိမ့္သီး (Pistachios) ကို Snack Food အေနနဲ႔ စားေပးသင့္ပါတယ္။

ကိုယ္ခံအားကိုေကာင္းေစ

သစ္ဆိမ့္သီး (Pistachios) မွာ ဇန္႔ဓာတ္ပါဝင္တာေၾကာင့္ ကိုယ္ခံအားကို ေကာင္းေစပါတယ္။ ဗီတာမင္ B6 လည္းပါဝင္တာေၾကာင့္ သင့္ကိုကိုယ္ခံအားေကာင္းၿပီး က်န္းမာေအာင္ ကူညီေပးႏိုင္ပါတယ္။

ဦးေႏွာက္အတြက္ စြမ္းအားျမင့္ အစားအစာ

ဗီတာမင္ E ဓာတ္ၾကြယ္ဝစြာပါဝင္တာေၾကာင့္ ဦးေႏွာက္ရဲ႕ ေဝဖန္ပိုင္းျခားႏိုင္စြမ္းရွိတဲ့ လုပ္ေဆာင္ခ်က္ေတြ၊ သင္ယူျခင္း၊ အခ်က္အလက္သိမ္းဆည္းျခင္း စသည့္လုပ္ေဆာင္ခ်က္ေတြကို ပိုၿပီးအားေကာင္းေစပါတယ္။

အဲ့ဒီအျပင္ ကင္ဆာေဆးဝါးေတြေသာက္သံုးေနသူေတြအတြက္လည္း ဦးေႏွာက္ရဲ႕လုပ္ေဆာင္ခ်က္ေတြ မထိခိုက္ေအာင္လည္း ကူညီေပးႏိုင္ပါတယ္။