စူပါမားကတ်တွေမှာ တွေ့ရတတ်တဲ့ Pistachio အခွံမာ အစေ့အဆန်က အရသာရှိသလို အသင့်အတင့် စားပေးရင် အောက်ပါ အကျိုးကျေးဇူး တွေကို ရရှိစေပါတယ်။

နှလုံးကျန်းမာခြင်း

Source: Macmillan Dictionary

Pistachio ကို ပုံမှန်စားပြီးတဲ့အခါ မကောင်းတဲ့ ကိုလက်စထရော (LDL) ကို လျော့ကျစေပြီး ကောင်းတဲ့ ကိုလက် စထရော (LDL) ကို မြင့်တက်စေတယ် လို့ လေ့လာတွေ့ရှိရပါတယ်။ ဗီတာမင် အေနဲ့ အီးလို အင်တီအောက်ဆီးဒင့် ပါဝင်မှု များတာကြောင့် ရောင်ရမ်းမှုကို တွန်းလှန်ပေးနိုင်ပြီး သွေးကြော တွေကို ကာကွယ်ပေးကာ နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ Pistachio ကို အသင့်အတင့် စားပေးတာတောင် အင်တီအောက်ဆီးဒင့် လူတင်ပမာဏကို တိုးစေပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

ဆီးချိုရောဂါသက်သာစေခြင်း

Source: aliwaa.com.lb

Pistachio ကိုစားတာက အမျိုးအစား (၂) ဆီးချိုရောဂါ မဖြစ် အောင် ကာကွယ် ပေးနိုင်ပါတယ်။ တစ်နေ့ Pistachio တစ်ခွက်စာပမာဏကို စားပေးရုံနဲ့ တစ်နေ့တာ လိုအပ်တဲ့ ဖော့စ်ဖရပ်စ် ၆၀ ရာခိုင်နှုန်းကို ရရှိစေပါ တယ်။ ဖော့စ်ဖရပ်စ်က ဂလူးကို့စ် ခံနိုင်ရည်ရှိမှုကို ကူညီပေး တာကြောင့် ဆီးချိုရောဂါ ကို သက်သာစေပါတယ်။

သွေးအားကောင်းစေခြင်း

Source: Nuts in Bulk

Pistachio မှာ ဗီတာမင် B6 အများအပြား ပါဝင်ပါတယ်။ ဒီဗီတာမင်က ဟေမိုဂလိုဘင် ပြုလုပ်ရေး အတွက် အရေးပါ တာကြောင့် သွေးကြောက တစ်ဆင့် ဆဲလ်တွေဆီကို အောက်ဆီဂျင် သယ်ပို့ ရေးမှာ အရေးပါပြီး သွေးထဲက အောက်ဆီဂျင် ပမာဏကို တိုးစေပါတယ်။

နာ့ဗ်ကြောစနစ် ကျန်းမာခြင်း

Source: Medical Daily

Pistachio မှာပါတဲ့ ဗီတာမင် B6 ဟာ နာ့ဗ်ကြောစနစ်ကို ကျန်းမာစေပါတယ်။ ဒီဗီတာမင်က နာ့ဗ်အမျှင်တစ်ဝိုက်ရှိ အကာ Myelin ဖြစ်ပေါ်မှုမှာ အရေးပါပြီး ဆီရိုတိုနင်၊ မယ်လတိုနင်၊ အက်ပီနက်ဖရင်နဲ့ GABA ဖြစ်ပေါ်မှုမှာ ပါဝင်ကူညီ ပါတယ်။

မျက်စိကျန်းမာခြင်း

Source: akhbarelyom.com

Pistachio မှာ အခွံမာသီး အများစုမှာ မတွေ့ရတဲ့ ကာရိုတီးနွိုက် နှစ်မျိုး ပါဝင်ပါ တယ်။ လူတင်နဲ့ ဇီဇန်သင်းဆိုတဲ့ ကာရိုတီးနွိုက်တွေက အင်တီ အောက်ဆီးဒင့်ရဲ့ လုပ်ငန်း ဆောင်တာတွေ လုပ်ဆောင်ပေးပြီး တစ်သျှူး တွေကို ကာကွယ်ပေးပါတယ်။ Pistachio ဟာ မက်ကူလာ ယိုယွင်းမှု ဖြစ်နိုင်ခြေကို လျော့ကျ စေပါတယ်။

ကိုယ်ခံစွမ်းအားစနစ် ကောင်းခြင်း

Source: bigl.ua

Pistachio မှာပါတဲ့ ဗီတာမင် B6 ဟာ ကိုယ်ခံစွမ်းအားနစ်ကို ကျန်းမာစေပါတယ်။ ဗီတာမင် B6 ဟာ သွေးနီဥကို ဖြစ် ပေါ်စေရုံသာမက သိုင်းမတ်စ်၊ သရက် ရွက်နဲ့ သားနံရည်အကျိတ်တွေရဲ့ ကျန်းမာရေးကို ကောင်းမွန်စေတဲ့ အတွက် သွေးဖြူဥ ထုတ်လုပ်မှု ကိုလည်း ကောင်းမွန် စေပါတယ်။

အရေပြားကို ကျန်းမာစေခြင်း

Source: orexov.net.ua

Pistachio မှာ ဗီတာမင်အီး အများအပြား ပါဝင်တာကြောင့် ဆဲလ်နံရံတွေရဲ့ တင်းအားကို ကောင်းမွန်စေပြီး အသားအရေကို ကျန်းမာလှပစေ ပါတယ်။ ဗီတာမင်အီးဟာ အသားအရေကို ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးပြီး အရွယ်မတိုင်ခင် အိုမင်းမှုနဲ့ အရေပြား ကင်ဆာတို့ မဖြစ်အောင် နေ့စဉ် ကာကွယ် ပေးနိုင်ပါတယ်။

Credit: Myawaddy