အစေ့အဆန်တွေထဲမှာ စားလို့ အကောင်းဆုံးနဲ့ လက်က မချနိုင်အောင် စားဖြစ်တဲ့ သရေစာ တစ်မျိုးကတော့ ဖရုံစေ့ပါ။ အစေ့အဆန်တွေဟာ ကျန်းမာရေးနဲ့ ညီညွှတ်တယ်ဆိုတာ သိပြီးသား ဖြစ်မှာပါ။ ဒီထဲကမှ ဖရုံစေ့ရဲ့ အကြောင်းကို မျှဝေချင်ပါတယ်။

ဖရုံစေ့ဟာ ရွှေဖရုံသီးကနေ ရရှိတာ ဖြစ်ပြီး ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝတဲ့ အစေ့တစ်မျိုးပါ။ သူ့မှာ လူတွေ အတွက် လိုအပ်တဲ့ Fatty Acids ပါဝင်ပြီး ကယ်လိုရီ ပါဝင်မှုနည်းပါးတဲ့ အစားအစာပါ။ ဒါ့အပြင် ပရိုတင်း၊ အမျှင်ဓာတ်နဲ့ အိုမီဂါ 3 တို့ ပါဝင်ပါတယ်။ ရွှေဖရုံစေ့မှာ မဂ္ဂနီဆီယမ်လည်း ပါဝင်တာကြောင့် ပင်ပန်းနွမ်းနယ်မှုတွေကို ပြေစေနိုင်တဲ့ အစွမ်း ရှိပါတယ်။ ညဘက်တွေ အိပ်မပျော်တဲ့ အခါ ရွှေဖရုံစေ့ကို စားပေးပါ။ သူ့မှာ အမိုင်နို အက်ဆစ်ထရစ်ပတိုဖန် ပါဝင်မှု မြင့်မားတာကြောင့် ကိုယ်ထဲက ဆီရိုတိုနင်အဖြစ် ပြောင်းပေးပြီး ကောင်းကောင်း အိပ်ပျော်စေပါတယ်။

သွေးတွင်းမှာ ရှိတဲ့ မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ကျစေနိုင်တဲ့ ဖိုင်တိုစတီရော ဓာတ်ပေါင်း ပါဝင်ပြီး စတီရော ပါဝင်မှု အများ ဖြစ်ပါတယ်။ အမျှင်ဓာတ်ပါဝင်တာကြောင့် ကိုယ်အလေးချိန် တက်မှာ ပူစရာ မလိုပါဘူး။ ဖရုံစေ့ စားလို့ ဝိတ်တက်မယ်ဆိုတဲ့ အယူအဆကို လွှင့်ပစ်လိုက်ပါ။ သံဓာတ်ပါဝင်မှုက အမျိုးသမီးတွေ အတွက် သွေးအားကောင်းစေပြီး ရောင်ရမ်းမှုတွေကို လျော့ကျစေပါတယ်။

အိုမီဂါ 3 အက်ဆစ်ကြောင့် ဆီးရောဂါ ဖြစ်စေခြင်းကို လျော့ချပေးနိုင်ပါတယ်။ သွေးတွင်း သကြားဓာတ်ကို ထိန်းပေးနိုင်တဲ့ အစွမ်းကြောင့် ဆီးချိုသမားတွေ စားလို့ ရပါတယ်။ ကောင်းမွန်တဲ့ သရေစာ ဖြစ်တာကြောင့် ညဘက်တွေ TV ကြည့်ချိန်တွေမှာ တခြား သရေစာတွေ စားမယ့်အစား ဖရုံစေ့ စားပေးရင် ပိုကောင်းပါတယ်။ ဆိမ့်တဲ အရသာ ရှိပြီးစားပြီးရင်း စားချင်တဲ့ သရေစာတွေရဲ့ သဘောအရ များများစားလည်း အန္တရာယ် မရှိစေတာကြောင့် အကောင်းဆုံး သရေစာလို့ ဆိုနိုင်ပါတယ်။ ဖရုံစေ့တွေမှာ ရိုးရိုး အရောင်နဲ့ ဖရုံစေ့ ရှိပြီး တခြား အညိုရောင်၊ အမည်းရောင်တွေဟာလည်း အာနိသင် အတူတူပဲ ဖြစ်ပါတယ်။