ကျောက်ကပ်က ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ အဓိက ကိုယ်တွင်း အင်္ဂါဖြစ်ပါတယ်။

ကျောက်ကပ်ကောင်းကောင်းအလုပ်မလုပ်ရင် သွေးတွေကို ကောင်းစွာ မသန့်စင်ပေးနိုင်တော့ဘဲ တခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းတွေပါ ထိခိုက်လာနိုင်ပါတယ်။

အခုခေတ်မှာ ကျောက်ကပ် မကောင်းတော့လို့ကျောက်ကပ်ဆေးရရင်လည်း ငွေကြေးကုန်ကျ အရမ်းများပါတယ်။ ဒါ့ကြောင့် ကြက်မောက်သီးကို စားပေးသင့်ပါတယ်။

ကြက်မောက်သီးမှာပါဝင်တဲ့ Phosphorus ဓာတ်တွေက သဘာဝနည်းလမ်းဖြင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားရာမှာ ကူညီပေးနိုင်ပါတယ်။ အဲ့ဒီအပြင် ကျောက်ကပ်ရဲ့လုပ်ငန်းဆောင်တာတွေကိုလည်း ကူညီပေးပါတယ်။

ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်

ကြက်မောက်သီးမှာ Antioxidants တွေနဲ့ ကင်ဆာရောဂါကို ကာကွယ်ပေးတဲ့ ဓာတ်တွေပါဝင်ပါတယ်။

ကိုယ်အလေးချိန်ချတဲ့ အစီအစဉ်တွေမှာ ကြက်မောက်သီးပါဝင်

ကြက်မောက်သီးမှာပါဝင်တဲ့ ကယ်လိုရီက ထောပတ်သီးလောက် မများပါဘူး။ အဲ့ဒီအပြင် တခြားသီးနှံတွေထက် အားအင်တွေပိုဖြစ်စေပါတယ်။

မကောင်းတဲ့ ကိုလက်စထရောကို လျော့ချပေး

ကြက်မောက်သီးမှာ Flavonoids ဓာတ်တွေပါဝင်တာကြောင့် မကောင်းတဲ့ ကိုလက်စထရော ဓာတ်ကို လျော့ချပေးပါတယ်။