ဆယ်မွန်ငါးက ကမ္ဘာပေါ်မှာ ကျန်းမာရေးအတွက် အသင့်တော်ဆုံး အစားအစာထဲမှာပါဝင်နေပါတယ်။ အမေရိကန် နှလုံးအဖွဲ့ကဆိုရင် တစ်ပတ်ကို ဆယ်မွန်ငါး ၂ ကြိမ်စားသုံးပေးရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ Omega 3 Fatty အက်ဆစ်၊ ပရိုတင်းဓာတ်၊ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်တို့ ပြည့်ဝကာ ရောဂါတော်တော်များများကို ကာကွယ်ပေးနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။

ကိုယ်အလေးချိန်ကို လျော့ချပေး

ဆယ်မွန်ငါးမှာ Omega 3 Fatty အက်ဆစ်နဲ့အတူ  ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ ဒီအာဟာရဓာတ်တွေက ခန္ဓာကိုယ်ရဲ့ အဆီဓာတ်အပေါ်သက်ရောက်မှုရှိပါတယ်။ ပရိုတင်းဓာတ်က အစာခြေရခက်တာကြောင့် အစာအိမ်ထဲမှာကြာရှည်နေထိုင်ပြီး ဗိုက်ပြည့်နေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အစားသိပ်မစားချင်အောင် ကူညီပေးပါတယ်။

အဲ့ဒီအပြင် Omega 3 Fatty အက်ဆစ်က အစာစားချင်စိတ်ကို လျော့ပါးအောင်လုပ်ဆောင်ပေးပြီး၊ သွေးလည်ပတ်မှုနဲ့ ဇီဝကမ္မဖြစ်စဉ်ကိုမြှင့်တင်ပေးကာ အဆီလောင်ကျွမ်းအားကို မြှင့်တင်ပေးပါတယ်။

ဆယ်မွန်ငါးကို ကင်ပြီး စားရင်တော့ အသင့်တော်ဆုံးပါဘဲ။

ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို တိုးမြှင့်ပေး

Omega 3 Fatty အက်ဆစ်က ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေအတွက် အရေးပါပါတယ်။ Polyunsaturated Fatty အက်ဆစ်က အာရုံကြောကို အားကောင်းစေပါတယ်။ အဲ့ဒီအပြင် ဦးနှောက်ရဲ့ ဖွံ့ဖြိုးကြီးထွားမှုနှုန်းကိုလည်း မြှင့်တင်ပေးပါတယ်။

ပါဝင်တဲ့ DHA ဓာတ်က အာရုံကြောဆဲလ်တွေကိုအားကေင်းစေပါတယ်။ အဲ့ဒီအပြင် ကျိုးကြောင်းဆင်ခြင် သုံးသပ်နိုင်မှုကိုလည်း အားကောင်းစေပါတယ်။

ကင်ဆာရောဂါကိုလည်း ကာကွယ်ပေး

ကင်ဆာရောဂါက ခန္ဓာကိုယ်ထဲမှာ Omega-3 နဲ့ Omega 6 Fatty အက်ဆစ်ဓာတ်မမျှတမှုကြောင့် အဆိပ်အတောက်တွေစုပြုံလာပြီး ဆဲလ်တွေ ထိခိုက်ကာ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဆယ်မွန်ငါးကို စားသုံးပေးရင် Omega3 Fatty အက်ဆစ်က ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ရောင်ရမ်းတာတွေကို လျော့ချပေးပါတယ်။