ကင်းမွန်က စားလို့ကောင်းတဲ့ ပင်လယ်စာတစ်မျိုးဖြစ်တဲ့အပြင် ကျန်းမာရေး အကျိုးကျေးဇူးတွေလည်းရှိပါတယ်။

အရိုးသန်မာစေ

ကင်းမွန်မှာသံဓာတ်တွေကြွယ်ဝစွာပါဝင်နေပါတယ်။ အဲ့ဒီအပြင် Phosphorus၊ ဇန့်၊ မဂ္ဂနီဆီယမ် တို့လည်းကြွယ်ဝစွာပါဝင်တာကြောင့် အရိုးကို သန်မာစေပါတယ်။

အစာစားချင်စိတ်ကိုဖြစ်စေ

အစာစားချင်စိတ်မရှိဖြစ်နေပါသလား။ ကင်းမွန်မှာ အစာစားချင်စိတ်ဖြစ်အောင်ကူညီပေးတဲ့ ဓာတ်တွေပါဝင်နေပါတယ်။

ကင်းမွန်မှာပါဝင်တဲ့ သတ္တုဓာတ်က အစာခြေစနစ်ကို အားကောင်းစေပါတယ်။

သွေးဖြူဥတွေကို အားကောင်းစေ

ကင်းမွန်က သူ့ရန်သူတွေကို အမည်းရောင်မင်လိုမျိုးတွေ လွှတ်ထုတ်ပြီး ရန်သူကို တိုက်ခိုက်ပါတယ်။ အဲ့ဒီအမဲရောင်မင်တွေဟာ သွေးဖြူဥဆဲလ်တွေကို အားကောင်းစေပြီး ခန္ဓာကိုယ်ထဲက ရောဂါပိုးမွှားတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ခံအားလည်းမြင့်စေပါတယ်။

သွေးနီဥတွေကိုလည်း အားကောင်းစေ

ကင်းမွန်မှာ သတ္တုဓာတ်တွေနဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ အဲ့ဒီအပြင် ပရိုတင်း၊ ဗီတာမင်၊ Omega 3 တို့လည်း ကြွယ်ဝစွာပါဝင်ပါတယ်။ ကော့ပါးဓာတ်လည်း ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီဓာတ်တွေက သွေးနီဥတွေကို အားကောင်းစေပါတယ်။

သွေးနီဥက လူသားတွေအတွက် အဓိက အရေးကြီးပါတယ်။ သွေးနီဥဆဲလ်တွေမှာပါဝင်တဲ့ ဟီမိုကလိုဘင် (Hemoglobin) ဓာတ်က အောက်စီဂျင်တွေကိုသယ်ဆောင်ပြီး ခန္ဓာကိုယ်ထဲက အင်္ဂါတွေကို ပို့ဆောင်ပေးရမှာ အရေးကြီးပါတယ်။

အဲ့ဒီအပြင် နှလုံးရောဂါကနေ လေဖြတ်ရောဂါစသည့် ရောဂါတွေမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။