စတော်ဘယ်ရီထဲမှာ ကျန်းမာရေးနဲ့ အလှအပအတွက် အကျိုးပြုတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်များ များစွာပါဝင်ပါတယ်။ စတော်ဘယ်ရီ ပန်းကန်လုံးတစ်ခွက်စာမှာ အမျှင်ဓာတ်၊ ပရိုတင်းဓာတ်၊ ဗီတာမင်စီ၊ ဗီတာမင်ကေနဲ့ ကင်ဆာရောဂါ၊ နှလုံးရောဂါတို့ကို တိုက်ဖျက်ပေးနိုင်တဲ့ အစွမ်းသတ္တိများ ပါဝင်ပါတယ်။

အခြားအကျိုးပြုနိုင်တဲ့ ကောင်းကျိုးလေးတွေကတော့ …

ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးခြင်း

Source: Thehealthy.com

ကိုယ်ခံစွမ်းအား တိုးမြှင့်ဖို့အတွက်ဆိုရင်တော့ ဗီတာမင်စီက မရှိမဖြစ်လိုအပ်ပါတယ်။ ဗီတာမင်စီ ကြွယ်ဝတဲ့ စတော်ဘယ်ရီဟာဆိုရင် မကြာခဏ နေမကောင်းမဖြစ်အောင် ကူညီပေးနိုင်ပါတယ်။

မျက်စိကျန်းမာရေးအတွက် ကောင်းမွန်စေခြင်း

စတော်ဘယ်ရီမှာ ပါဝင်တဲ့ Antioxidants များက မျက်စိ တိမ်ဖုံးခြင်း၊ မျက်ကြည်လွှာ ပျက်စီးခြင်းတို့မှ ကာကွယ်ပေးပြီး မျက်စီကြွက်သားလေးများကို သန်မာစေပါတယ်။

ကင်ဆာရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း

ဗီတာင်စီနဲ့ Ellagic လို့ခေါ်တဲ့ အက်ဆစ်ဓာတ်တစ်မျိုးက ကင်ဆာရောဂါကို တိုက်ဖျက်ပေးနိုင်ပါတယ်။ စတော်ဘယ်ရီထဲမှာ ထိုပါဝင်ပစ္စည်း နှစ်မျိုးစလုံး ပါဝင်တာကြောင့် အရေပြားကင်ဆာ၊ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ စတဲ့ ကင်ဆာရောဂါများ မဖြစ်ပွားအောင် အမြစ်ဖျက် ချေမှုန်းပေးပါတယ်။

ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် အထူးသင့်တော်ခြင်း

Source: Parenting.firstcry.com

စတော်ဘယ်ရီထဲမှာ ပါဝင်တဲ့ ဗီတာမင်ဘီ ဖောလိတ်ဓာတ်က မိခင်ဝမ်းဗိုက်ထဲရှိ သန္ဓေသားလောင်းရဲ့ဦးနှောက်၊ ဦးခေါင်းခွံ၊ ကျောရိုး ဖွံ့ဖြိုးမှုအတွက် ကူညီပေးပြီး လမစေ့ဘဲ ကလေးမွေးခြင်း၊ မွေးဖွားပြီးသောကလေး ပေါင် မပြည့်ခြင်းတို့မှ ကာကွယ်ပေးပါတယ်။

အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေခြင်း

Source: Womenshealthmag.com

စတော်ဘယ်ရီသီးထဲမှာ ပါဝင်တဲ့ Antioxidants က အရေးအကြောင်းများဖြစ်ပေါ်ခြင်း၊ အသားအရေ လျော့တိလျော့ရဲဖြစ်ခြင်းတို့မှ ကာကွယ်ပေးပြီး နေလောင်ဒဏ်ကြောင့် အသားအရေ ပျက်စီးခြင်းမှလည်း ကာကွယ်ပေးပါတယ်။

အသားအရေ အလှအပအတွက် စတော်ဘယ်ရီသီးနဲ့ ပေါင်းတင်ချင်တယ်ဆိုရင်တော့ စတော်ဘယ်ရီသီးများကို ခက်ရင်းဖြင့် အနှစ်များရအောင် ချေလိုက်ပါ။ ထို့နောက် ပျားရည်ဖြင့် ရောနှောပြီးနောက် မျက်နှာနဲ့ လည်ပင်းအနှံ့ သုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၂၀၊ ၂၅ မိနစ်ပြည့်မှ ရေဆေး ချလိုက်ပါ။

ဒါဆိုရင်တော့ အသားအရေ အိုမင်းရင့်ရော်မှုကို တိုက်ဖျက်ပေးနိုင်တဲ့ စတော်ဘယ်ရီပေါင်းတင်ဆေးလေး ရရှိသွားပါပြီ။

Source: Femina.in