အညာမှာတော့ မန်ကျည်းပင်တွေအများကြီးရှိသလို မန်ကျည်းသီးလည်း ပေါမှပေါပါပဲ။ မန်ကျည်းသီးက ဈေးမကြီးပေမယ့် သူ့မှာ အကျိုးအာနိသင်တွေအများကြီးရှိပါတယ်။

မန်ကျည်းသီးက မျက်လုံးအမြင်ကို အားကောင်းစေပြီး အသက်ရှူလမ်းကြောင်းကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။

အဲ့ဒီအပြင် အသားအရေကို လှပစေကာ အစာခြေစနစ်ကို အားကောင်းစေပါတယ်။

မန်ကျည်းသီးက ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ကိုလက်စထရောဓာတ်ကို ကျစေပါတယ်။ နှလုံးကျန်းမာရေးကို မြှင့်တင်ပေးနိုင်သလို ကင်ဆာရောဂါတွေကိုလည်း ကာကွယ်နိုင်စွမ်းရှိပါတယ်။

မန်ကျည်းသီးရဲ့ အာဟာရများ

မန်ကျည်းသီးမှာ ဗီတာမင် စီ၊ E ၊ B ၊ ကယ်ဆီယမ်၊သံဓာတ်၊ Phosphorus ၊ ပိုတက်ဆီယမ်၊ Manganese နဲ့ အမျှင်ဓာတ်တွေပါဝင်ပါတယ်။

အဲ့ဒီအပြင် မန်ကျည်းသီးမှာ စွမ်းအားမြင့် Antioxidants ဓာတ်တွေအများကြီးပါဝင်တာကြောင့် ကင်ဆာရောဂါကို ကာကွယ်နိုင်စွမ်းရှိပါတယ်။

အစာခြေစနစ်ကို မြှင့်တင်ပေး

မန်ကျည်းသီးမှာ သဘာ၀ Laxative ဓာတ်ပါဝင်တဲ့အပြင် အမျှင်ဓာတ်ပါဝင်တာကြောင့် အစာခြေစနစ်ကို အားကောင်းစေပါတယ်။

ဒါ့ကြောင့် ဝမ်းချုပ်နေရင် မန်ကျည်းသီးစားတာတို့ မန်ကျည်းဖျော်ရည်သောက်ကြတာပါ။

အဲ့ဒီအပြင် အစာတွေကို မြန်မြန်ဆန်ဆန် ခြေဖျက်ပေးနိုင်ပါတယ်။ အစာခြေအရည်တွေကို ပိုထွက်စေပြီး မြန်မြန်ဆန်ဆန် ခြေဖျက်ပေးနိုင်ပါတယ်။

နှလုံးကျန်းမာရေးအတွက် ကောင်းမွန်

လေ့လာမှုများအရ မန်ကျည်းသီးမှာ သွေးတိုးနဲ့ကိုလက်စထရောကို ကျဆင်းစေပါတယ်။ မန်ကျည်းသီးမှာ ပါဝင်တဲ့အမျှင်ဓာတ်တွေက မကောင်းတဲ့ကိုလက်စထရော ကို ကျဆင်းစေပါတယ်။ အဲ့ဒီအပြင် ပါဝင်တဲ့ ပိုတက်ဆီယမ်ဓာတ်က သွေးတိုးကိုကျစေပါတယ်။

အဲ့ဒီအပြင် ဗီတာမင် C လည်းပါဝင်တာကြောင့် ဗီတာမင် C က Free Radicals တွေရဲ့သက်ရောက်မှုကို ကျဆင်းစေပါတယ်။ Free Radicals တွေကြောင့် နှလုံးရောဂါနဲ့တခြားရောဂါတွေဖြစ်ပွားရတာပါ။

သွေးလည်ပတ်မှုကို အားကောင်းစေ

မန်ကျည်းသီးမှာ သံဓာတ်ပါဝင်မှုများပြီး မန်ကျည်းသီး ၁ခုမှာတောင် နေ့စဉ်လိုအပ်တဲ့ သံဓာတ် ၁၀ ရာခိုင်နှုန်းကို ပေးစွမ်းနိုင်ပါတယ်။

သံဓာတ်ချို့တဲ့ရင် အားနည်းတာ၊ ခေါင်းကိုက်တာ၊ အစာအိမ်ပြဿနာတွေဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံက အမျိုးသမီးတော်တော်များများမှာ သံဓာတ်ချို့တဲ့ လက္ခဏာတွေရှိတယ်လို့UNICEF က ထုတ်ပြန်ဖူးတာကြောင့် ဒီလို သံဓာတ်ချို့တဲ့တယ်လို့ သံသယရှိရင် မန်ကျည်းသီးစားပေးနိုင်ပါတယ်။

ကိုယ်အလေးချိန် ကျဆင်း

မန်ကျည်းသီးမှာ Hydroxycitric Acid (HCA) ပါဝင်တာကြောင့် ကိုယ်အလေးချိန်ကျဆင်းစေပါတယ်။ ဒီကွန်ပေါင်းက ခန္ဓာကိုယ်ထဲက အဆီသိုလှောင်ပေးတဲ့ အန်ဇိုင်းတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

ဆီးချို

မန်ကျည်းသီးက ကာဗိုဟိုက်ဒရိတ်တွေ သိုလှောင်ပေးတဲ့ Alpha-Amylase အင်ဇိုင်းကို နှေးအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ ကာဗိုက်ဟိုက်ဒရိတ်များတဲ့ အစားအစာတွေက သွေးအတွင်း အချိုဓာတ်နဲ့အင်ဆူလင် တွေကို မြင့်တက်စေပြီး ဒါက ဆီးချိုရောဂါ ရှင်တွေအတွက် ကြီးမားတဲ့ ပြဿနာပါ။ ဒါ့ကြောင့် မန်ကျည်းသီးစားခြင်းက ဆီးချိုအတွက်ကောင်းပါတယ်။

ကိုယ်ခံအားကို မြှင့်တင်ပေး

ဗီတာမင်စီ ပါဝင်မှုမြင့်မားတာကြောင့် ဘက်တီးရီးယားတွေ၊ မှိုတွေဝင်ရောက်မှုကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ခံအားကိုမြှင့်တင်ပေးနိုင်ပြီး ရေရှည်ကျန်းမာရေးကောင်းစေဖို့ အထောက်အကူပြုပါတယ်။

Featured Image Source: Taste of Cayman