ရေနွေးက သာမန် ရေအေးတွေ သောက်တာထက် ကျန်းမာရေးကို ပိုပြီး အထောက်အကူပြုစေပါတယ်။

ရေနွေးက ဝိတ်ကျစေ

ရေနွေးသောက်လိုက်ရင် ခန္ဓာကိုယ်မှာရှိနေတဲ့ အပူချိန် ထိန်းညှိရေး စနစ်ကို နိုးဆွပေးလိုက်ပါတယ်။ ရေနွေးကြောင့် သင့်ကိုယ်တွင်း အပူချိန်က ကျဆင်းသွားပြီး ဇီဝကမ္မဖြစ်စဉ်ကို နိုးဆွပေးပါတယ်။

ဇီဝကမ္မဖြစ်စဉ်မြန်လေလေ ခန္ဓာကိုယ်ထဲက လုပ်ဆောင်ချက်တွေ မြန်သွားပြီး ကိုယ်အလေးချိန်ကို ကျဆင်းစေပါတယ်။

ရေနွေးပူပူလေး အူလမ်းကြောင်းကို စွန့်ထုတ်ထားတဲ့ ပစ္စည်းတွေ ဖယ်ရှားရာမှာ ကူညီပေးပါတယ်။

ဝမ်းချုပ်တာကို သက်သာစေ

ဝမ်းချုပ်တာကို ဘယ်လို ပျောက်ကင်းအောင်လုပ်မလဲ

အူလမ်းကြောင်းထဲမှာ စွန့်ပစ်ထားတဲ့ အရာတွေ ပိတ်ဆို့နေတာကို ရှင်းလင်းစေပြီး ဝမ်းချုပ်တာကို သက်သာစေပါတယ်။ ပုံမှန်သောက်ပေးရင် ဝမ်းမှန်စေပါတယ်။

အစာခြေစနစ်ကို ကောင်းမွန်စေ

ရေနွေးက အစာခြေစနစ်မှာရှိနေတဲ့ အင်္ဂါတွေကို ရေဓာတ်ပြည့်ဝစေပြီး အလွယ်တကူ စွန့်ထုတ်နိုင်အောင်ကူညီပေးပါတယ်။

အာရုံကြောစနစ်ကို တည်ငြိမ်စေ

ရေနွေးက အာရုံကြောစနစ်ကို တည်ငြိမ်စေပါတယ်။ ရေနွေးကို ပုံမှန်သောက်ပေးရင် ကိုက်ခဲ၊ နာကျင်တာတွေကို တဖြည်းဖြည်း သက်သာစေပါတယ်။

သွေးလည်ပတ်မှုအားကောင်း

ရေနွေးက သွေးလည်ပတ်မှုအင်္ဂါတွေကို ပိုမိုကောင်းမွန်စေပြီး ခန္ဓာကိုယ်တစ်ခုလုံးကို သွေးတွေ ထိထိရောက်ရောက် ပို့ပေးနိုင်ပါတယ်။

သွေးလည်ပတ်မှုကောင်းတာကြောင့် နှလုံးရောဂါဖြစ်ပွားနိုင်ချေကို လျော့ချပေးနိုင်ပါတယ်။ အဲ့ဒီအပြင် အိပ်ရေးဝဝ အိပ်နိုင်အောင် ကူညီပေးပါတယ်။