သံပုရာရည် (သို့) သံပုယိုရည်ကို နေ့တိုင်းသောက်ပေးရင် ခန္ဓာကိုယ်အတွက် ရရှိလာမယ့် ကောင်းကျိုးတွေကို ပြောပြပေးလိုက်ပါတယ်။

သံပုရာရည် (သို့) သံပယိုရည်ကိုသောက်ရင် ကိုယ်ရောစိတ်ပါ လန်းဆန်းမှုရှိစေပါတယ်။ စိတ်ဖိစီးမှုတွေ၊ ပင်ပန်းနွမ်းနယ်မှုတွေကို လျော့ကျစေပါတယ်။ ထိုင်းမှိုင်းနေတဲ့စိတ်တွေကို ပြန်လည်တက်ကြွလာစေပါတယ်။

သံပုရာရည် (သို့) သံပုယိုရည်ကို နေ့တိုင်းသောက်ရင် အသားအရည်စိုပြည်လာစေတယ်၊ အရွယ်တင်စေတယ်၊ အိုမင်းရင့်ရော်မှုတွေဖြစ်တာ နောက်ကျစေပါတယ်။ Skincare တွေသုံးရင်တောင် ဗီတာမင်စီပါတဲ့ Skincare တွေကို ရွေးသုံးကြတယ်။ ဗီတာမင်စီက အသားအရေစိုပြည်ပြီး Glow စေပါတယ်။

သံပုရာရည် (သို့) သံပယိုရည်မှာက ဗီတာမင်စီဓာတ် များစွာပါဝင်လို့ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်စီဓာတ်ကို ပြည့်ဝစေပါတယ်။ လူတစ်ယောက်မှာ ကိုယ်ခံအားကောင်းဖို့ဆိုရင် ဗီတာမင်စီက မရှိမဖြစ်လိုအပ်ပါတယ်။ ကိုယ်ခံအားကောင်းအောင် ဗီတာမင်စီဆေးပြားတွေသောက်နေစရာ မလိုပါဘူး။ သံပုရာရည် (သို့) သံပယိုရည်ကိုသာ နေ့တိုင်းသောက်ရင် ရပါတယ်။

သံပုရာရည် (သို့) သံပယိုရည်ကို နေ့တိုင်းသောက်ရင် ဝိတ်ကျစေတယ်၊ အဆီကျပြီး ကိုယ်ရည်စစ်စေပါတယ်။ ဒါကြောင့် ဝိတ်ကျချင်သူတွေ၊ အဆီကျချင်တဲ့သူတွေဆိုရင် တစ်နေ့တစ်ခွက် ပုံမှန်သောက်ပေးပါ။ သကြားတော့ အများကြီးထည့်မသောက်နဲ့ပေါ့။ ဒီတိုင်းပဲဖျော်သောက်မယ်ဆိုလည်း အရမ်းချဉ်တော့ အစာအိမ်ထိမှာ စိုးရိမ်ရပါတယ်။ ဒါကြောင့် သကြားနည်းနည်းထည့်သောက်တာ ပိုကောင်းပါတယ်။