ဟင်းချက်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ အစားအစာတစ်ခုကတော့ ကြက်သွန်နီပဲဖြစ်ပါတယ်။ ကြက်သွန်နီက မိမိချက်မယ့် ဟင်းရဲ့အနံ့နဲ့အရသာကို ပိုမိုကောင်းမွန်အောင် ထောက်ပံ့ပေးနိုင်တဲ့အပြင် အခြားအံ့မခန်းတဲ့ အကျိုးကျေးဇူးများကိုလည်း ပေးစွမ်းနိုင်ပါသေးတယ်။

ကြက်သွန်နီကို ကြာဇံဟင်းခါး၊ မုန့်ဟင်းခါးများ ချက်စားတဲ့အခါ အလုံးလိုက် ထည့်ချက်လေ့ရှိသလို တစ်ချို့ဟင်းလျာများ ချက်ပြုတ်တဲ့အခါမှာတော့ ပါးပါးလှီးတာမျိုး၊ နုပ်နုပ်စဉ်းတာမျိုးလည်း ရှိပါတယ်။ ဒါတင်မကသေးပါဘူး။ ကြက်သွန်နီကို အရည်ပုံသဏ္ဍာန်နဲ့လည်း ပြုလုပ်သောက်သုံးနိုင်ပါသေးတယ်။

ကြက်သွန်နီအရည်က ပေးစွမ်းတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို မဖော်ပြပေးချင်မှာ ကြက်သွန်နီအရည်ကို ဘယ်လိုပြုလုပ်ရမလဲဆိုတာကို အရင်ဦးဆုံးဝေမျှပေးချင်ပါတယ်။

ကြက်သွန်နီ ၃ ဥ၊ ၄ ဥခန့်ကို အခွံခွာပြီး ပါးပါးလှီးထားပါ။ ထို့နောက် သစ်သီးဖျော်စက်ထဲထည့်ကာ အရည်ရလာအောင် မွှေပေးလိုက်ပါ။ ရရှိလာတဲ့အရည်ကို ပန်းကန်လုံးထဲထည့်ပြီး အသုံးပြုနိုင်ပါတယ်။ ဒီလိုရရှိလာတဲ့ ကြက်သွန်နီအရည်ကို သောက်သုံးပေးခြင်းအားဖြင့် ခံစားရရှိမယ့် အကျိုးကျေးဇူးတွေကတော့…

ကင်ဆာရောဂါကို ကုသပေးနိုင်ခြင်း

Onion Juice

ကြက်သွန်နီထဲမှာ Quercetin ၊ Anthocyanins နဲ့ Organosulfur စတဲ့ ကင်ဆာဆဲလ်များကို တိုက်ဖျက်ပေးတဲ့ ဒြပ်ပေါင်းများ မြင့်မားစွာပါဝင်ပါတယ်။ သုတေသနလေ့လာချက်များအရ ကြက်သွန်နီအနံ့နဲ့ အရသာက ပိုပြင်းလေ ကင်ဆာရောဂါကို ပိုမိုကာကွယ်ပေးနိုင်တယ်လို့ သိရှိရပါတယ်။

Quercetin ဆိုတဲ့ ဒြပ်ပေါင်းကတော့ ဦးနှောက်ကင်ဆာနဲ့ အဆုတ်ကင်ဆာတို့ မဖြစ်ပွားအောင် ကာကွယ်ပေးနိုင်ပြီး ကြက်သွန်နီရဲ့အမျှင်ဓာတ်ကတော့ အူမကြီးကင်ဆာ မဖြစ်ပွားအောင် ကာကွယ်ပေးပါတယ်။

ဆီးချိုရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း

ဆီးချိုသမားများအတွက် သတင်းကောင်းတစ်ခုကတော့ ကြက်သွန်နီအရည်က သွေးတွင်းသကြားဓာတ် မြင့်မားခြင်းမှ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ကယ်လိုရီဓာတ်လည်း နည်းပါးတဲ့အတွက်ကြောင့် ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုး လုံးဝမရှိတဲ့ အစားအစာတစ်ခုပဲဖြစ်ပါတယ်။

ကိုယ်ခံစွမ်းအား မြင့်မားစေခြင်း

ကြက်သွန်နီအရည်ထဲမှာ Selenium လို့ခေါ်တဲ့ ကိုယ်ခံစွမ်းအားကို မြင့်မားစေတဲ့ ဒြပ်ပေါင်းတစ်မျိုးပါဝင်ပါတယ်။ ဒါ့အပြင် အသက်ရှုစနစ်ကောင်းမွန်အောင်၊ အဆုတ်ကျန်းမာရေး ကောင်းအောင်၊ ပန်းနာရင်ကြပ်ရောဂါ မဖြစ်ပွားအောင် ကူညီပေးပါတယ်။

အမြင်အာရုံ ကောင်းမွန်စေခြင်း

Source: English.fashion101.in

ကြက်သွန်ရည်ထဲမှာ ပါဝင်တဲ့ ဒြပ်ပေါင်းများက မျက်ခွံအတွင်းသားရောင်ရမ်းခြင်းနဲ့ မျက်စိတိမ်စွဲခြင်း၊ အသက်အရွယ်ကြီးရင့်လာခြင်းကြောင့် အမြင်အာရုံချို့ယွင်းလာခြင်းတို့ မဖြစ်ပွားအောင် ကူညီပေးပါတယ်။

နားကိုက်ခြင်းနဲ့ နားနှင့် ပတ်သက်တဲ့ရောဂါများ ဖြစ်ပွားခြင်းကို သက်သာစေခြင်း

Cambridge တက္ကသိုလ်က ထုတ်ဝေတဲ့ သတင်းဆောင်းပါးအရ နားကိုက်ရောဂါနဲ့ ရောဂါပိုးတစ်မျိုးမျိုးကြောင့် နားနဲ့ပတ်သက်တဲ့ရောဂါ ခံစားရတဲ့အခါ ကြက်သွန်နီအရည်ကို အသုံးပြုနိုင်တယ်လို့ ပြောကြားထားတာကို တွေ့ရပါတယ်။ ဒါပေမဲ့ အန္တရာယ်ကင်းရှင်းဖို့အတွက်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးပြီးမှ အသုံးပြုသင့်ပါတယ်။

Source: Stylecraze.com