ဝမ်းဗိုက်မှာ အဆီတွေများနေပြီး ဘယ်လောက်ပဲ လေ့ကျင့်ခန်းလုပ်လုပ် မကျလို့ စိတ်ညစ်နေပါသလား။ ဝမ်းဗိုက်အဆီကျတဲ့ လေ့ကျင့်ခန်းလည်း လုပ်ရင်း ဒီအစားအစာတွေကိုလည်း စားသုံးပေးပါ။

ပဲအမျိုးမျိုး

ပဲတွေက ကြွက်သားတွေကို တည်ဆောက်ပေးပြီး၊ အဆီတွေကို လောင်ကျွမ်းစေကာ အစာခြေစနစ်ကို ထိန်းညှိပေးပါတယ်။

အဲ့ဒီအပြင် အဝလွန်ခြင်း၊ အူမကြီးကင်ဆာ၊ နှလုံးရောဂါ နဲ့သွေးတိုးတို့ကို ကျဆင်းစေပါတယ်။

ပန်းဂေါ်ဖီစိမ်းနဲ့အစိမ်းရောင် အသီးအရွက်များ

အစိမ်းရောင် အသီးအရွက်တွေက ခန္ဓာကိုယ်ထဲမှာရှိတဲ့ Free Radicals တွေကို တိုက်ဖျက်ပေးပြီး အရွယ်တင်နုပျိုစေပါတယ်။ အဲ့ဒီအပြင် ဝမ်းဗိုက်မှာရှိတဲ့ အဆီတွေကို ပိုပြီး လောင်ကျွမ်းစေပါတယ်။

သံဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် အရိုးပျော့ရောဂါကိုလည်းကာကွယ်ပေးပါတယ်။ အဲ့ဒီအပြင် လေဖြတ်တာ၊ အဝလွန်တာ၊ နှလုံးရောဂါနဲ့ ကင်ဆာတို့ကိုလည်း တိုက်ဖျက်ပေးပါတယ်။

နို့ထွက်ပစ္စည်းများ

နို့ထွက်ပစ္စည်းတွေမှာလည်း အဆီကိုလောင်ကျွမ်းစေပြီး ကြွက်သားတွေကိုတည်ဆောက်ပေးနိုင်တဲ့ ဓာတ်တွေပါဝင်ပါတယ်။ အရိုးကိုသန်မာစေကာ သွေးတိုးကို ကျစေပြီး ကင်ဆာကို ကာကွယ်ပေးပါတယ်။

အုတ်ဂျုံ

ကွေကာအုပ်လို့ လူသိများကြတဲ့ အုတ်ဂျုံက သွေးကြောထဲမှာ အနယ်ကျစေတဲ့ မကောင်းတဲ့ ကိုလက်စထရောဓာတ်ကိုလျော့ချပေးတဲ့အပြင် အဆီကိုလည်း လောင်ကျွမ်းစေပါတယ်။

ကြက်ဥ၊ ဘဲဥ

ဈေးသက်သက်သာသာနဲ့ အကောင်းဆုံးနည်းလမ်းက ကြက်ဥ၊ ဘဲဥ ပြုတ်တွေစားပေးခြင်းပါပဲ။ ကြက်ဥ၊ ဘဲဥက ကြွက်သားတွေကို တည်ဆောက်ပေးပြီး အဆီတွေကို အလျင်အမြန်လောင်ကျွမ်းပေးပါတယ်။ ဒီအစားအစာတွေကို စားသုံပေးပြီး လေ့ကျင့်ခန်းလုပ်ပေးရင် ချရခက်တဲ့ ဝမ်းဗိုက်ကအဆီတွေကို အလျင်အမြန် လောင်ကျွမ်းစေမှာဖြစ်ပါတယ်။