လူ့အလိုနတ် မလိုက်နိုင် ဆိုတဲ့စကားလေးအတိုင်းပဲ ပိန်တဲ့သူက ဝချင် ဝတဲ့သူနဲ့ ပိန်ချင်နဲ့ ဆန္ဒအမျိုးမျိုး ရှိတတ်ကြပါတယ်။ ဝိတ်ချချင်သူများအတွက် ရှောင်ကြဉ်ရမယ့် အစားအစာများကို ဝေမျှပေးခဲ့သလိုပဲ ဒီတစ်ခါမှာတော့ ကိုယ်အလေးချိန်တက်ချင်သူများအတွက် စားသုံးသင့်တဲ့ အစားအစာများကို ဝေမျှပေးချင်ပါတယ်။

ထောပတ်သီး

ထောပတ်သီးတွေမှာ အဆီနှင့် ကယ်လိုရီများ ကြွယ်ဝစွာပါဝင်ပါတယ်။ ထောပတ်သီးတစ်လုံးမှာဆိုရင် ပျမ်းမျှအားဖြင့် ကယ်လိုရီ ၃၀၀ ခန့်နှင့် အဆီ ၃၁ ဂရမ် ပါဝင်ပါတယ်။ ဒါပေမဲ့ ထောပတ်သီးမှာပါဝင်တဲ့အဆီဓာတ်က နှလုံးကို ကျန်းမာစေပါတယ်။ ထောပတ်သီးကို တစ်နေ့တစ်လုံး မှန်မှန်စားသုံးပေးမယ်ဆိုရင်တော့ တစ်ပတ်ကြာတဲ့အခါ ၆ ပေါင်အထိ ဝိတ်တက်လာပါလိမ့်မယ်။

အာလူး

ကာဘိုဟိုက်ဒြိုက်အရင်းအမြစ်များကို များပြားစွာရရှိနိုင်တာကတော့ အာလူးပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ပိန်တဲ့သူများအနေနဲ့ အာလူး များများစားသုံးသင့်ပါတယ်။ ဒါပေမဲ့ အသင့်စား အာလူးကြော်အထုပ်တွေထဲမှာ မပြည့်ဝဆီများ ပါဝင်နေတဲ့အတွက်ကြောင့် မိမိအိမ်မှာကိုယ်တိုင်ကိုယ်ကျ ကြော်ထားတဲ့အာလူးကြော်များ၊ ဒါမှမဟုတ် အာလူးကတ်တလစ်၊ အာလူးသုပ် စသည်ဖြင့် လုပ်စားနိုင်ပါတယ်။

အမဲသား

အမဲသားမှာကတော့ ကြွယ်သားများ ကြီးထွားဖွံ့ဖြိုးအောင် ကူညီပံ့ပိုးပေးတဲ့ ပရိုတင်းဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့ကြောင့် ကိုယ်အလေးချိန်တက်ပြီး ခွန်အားဗလတိုးချင်တယ်ဆိုရင်တော့ အမဲသား စားသုံးပေးလိုက်ပါ။

Smoothies ဖျော်ရည်များ

Smoothies ဖျော်ရည်များမှာ ကယ်လိုရီဓာတ် များပြားစွာပါဝင်တဲ့အတွက်ကြောင့် ဝိတ်တက်ချင်သူများအနေနဲ့ ရိုးရိုးသစ်သီးဖျော်ရည်ထက်စာရင် Smoothie ဖျော်ရည်များကို သောက်သုံးပေးလိုက်ပါ။

ကြက်ဥ

ကြက်ဥမှာ ပရိုတင်းဓာတ်၊ အဆီဓာတ်၊ ဗီတာမင် အေ၊ ဗီတာမင် ဒီ၊ ကယ်လ်စီယမ်ဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ ကြက်ဥပြုတ်တစ်လုံးမှာ ၇၅ ကယ်လိုရီခန့် ပါဝင်ပါတယ်။ သင့်အနေနဲ့ ဝိတ်တက်ချင်တယ်ဆိုရင် ကြက်ဥ တစ်နေ့ နှစ်လုံး စားသုံးပေးနိုင်ပါတယ်။ ကိုယ်အလေးချိန်တက်လာပြီ ဆိုရင်တော့ တစ်နေ့ တစ်လုံးနှုန်းပဲ ပြန်လျော့စားပေးလိုက်ပါ။

Source: Stylecraze.com