လူတော်တော်များများက အထူးသဖြင့် အသက်ကြီးလာတာနဲ့အမျှ သန်စွမ်းကျန်းမာတဲ့ ဆံကေသာကို လိုချင်ကြပါတယ်။ ဒါပေမယ့် ဆံပင်တွေ သန်စွမ်းဖို့နဲ့အရှည်မြန်ဖို့ဆိုတာ အသက်အရွယ်၊ ကျန်းမာရေး၊ မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင် ဆေးဝါးတွေနဲ့ အစားအသောက်တွေအပေါ် အများကြီး မူတည်ပါတယ်။ ဒါကြောင့် ကျန်းမာတဲ့ ဆံကေသာကို လိုချင်ရင် ဒီအစားအစာတွေကို နေ့တိုင်းစားပေးသင့်ပါတယ်နော်။

Eggs

ဆံပင်မွေးညင်းပေါက်အများစုက ပရိုတင်းနဲ့ ပြုလုပ်ထားသောကြောင့် ပရိုတင်းဓာတ်ချို့တဲ့ရင် ဆံပင်ကျွတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ကြက်ဥမှာ  ဆံပင်ကြီးထွားမှုအတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်နှစ်မျိုးဖြစ်တဲ့ ပရိုတင်းနဲ့ ဘိုင်အိုတင်တို့ ပြည့်ဝစွာပါဝင်တာကြောင့် ကြက်ဥကို မဖြစ်မနေစားပေးသင့်ပါတယ်။

Berries

ဘယ်ရီသီးတွေမှာ အကျိုးပြုဒြပ်ပေါင်းတွေနဲ့ ဗီတာမင်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ဆံပင်ကြီးထွားမှုကို ထောက်ပံ့ပေးနိုင်ပါတယ်။

Fatty fish

ဆော်လမွန်၊ ငါးနှင့် မက်ကရယ်တို့လို့ အဆီများတဲ့ငါးတွေက  ဆံပင်ကြီးထွားမှုကို မြှင့်တင်ပေးတဲ့ အာဟာရဓာတ်တွေ များစွာပါဝင်တာကြောင့် ဆံပင်ကျွတ်တာကို သက်သာစေပါတယ်။

Sweet potatoes

ဗီတာမင် A ချို့တဲ့လွန်း နည်းလွန်းရင်လည်း  ဆံပင်ကျွတ်တာတွေဖြစ်နိုင်တာမလို့ အလတ်စား ကန်စွန်းဥ တစ်လုံးမှာ ခန္ဓာကိုယ်ရဲ့နေ့စဉ်လိုအပ်တဲ့  ဗီတာမင် A ဓာတ်အများကြီးပါဝင်ပါတယ်။

Avocados

ထောပတ်သီးဟာ အရသာရှိပြီး အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီဓာတ်များစွာ ပါဝင်ပါတယ်။ ထောပတ်သီးမှာပါတဲ့ ဗီတာမင် E က ဆံပင်ကြီးထွားမှုကို ထောက်ပံ့ပေးနိုင်ပြီး အလတ်စား ထောပတ်သီး တစ်လုံးမှာ နေ့စဉ်လိုအပ်တဲ့ ဗီတာမင် E ရဲ့ ၂၈ ရာခိုင်နှုန်းပါဝင်ပါတယ်။