အယ်လ်ဇိုင်းမားရောဂါဟာ အရွယ်မတိုင်ခင် သတိမေ့လျော့တတ်တဲ့ ရောဂါအမျိုးအစား တစ်ခုပါ။ အသက်ကြီးသူတွေမှာ ဖြစ်လေ့ရှိပြီး အခုခေတ်မှာတော့ အသက်ရွယ် ငယ်သူတွေလည်း ဖြစ်ပွားလာတာ တွေ့ရပါတယ်။ ဒါဟာ ဦးနှောက်ရဲ့အလုပ်လုပ်ပုံ ဆုတ်ယုတ်သွားတာပါ။
Source: GetMed Urgent Care
အယ်လ်ဇိုင်းမား ရောဂါဟာ မိမိဦးနှောက် ခံနိုင်အားထက် ကျော်လွန်ပြီး အလုပ်လုပ်ရခြင်း၊ မျိုးရိုးရှိခြင်း၊ အထီးကျန်အားငယ်စိတ်ဝင်ခြင်း၊ အိမ်ထောင်ရေးအချစ်ရေးအဆင်မပြေခြင်း၊ အိပ်ရေးပျက်အိပ်ရေးမ၀ခြင်းတို့ကြောင့် အရွယ်မတိုင်ခင် ဖြစ်ပွားတတ်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါ မဖြစ်ပွားအောင် အစားအစာ၊ အနေအထိုင် ဂရုစိုက်ပြီး ပြုမူဆောင်ရွက်လို့ ရပါတယ်။
အစားအစာတွေကို ဂရုတစိုက် စားသုံးပေးမယ်ဆိုရင်တော့ ရောဂါကို ကြိုတင်ကာကွယ်နိုင်ပါတယ်။
၁။ တရုတ်ဇီးသီးဟာ အယ်လ်ဇိုင်းမားဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။
Source: radiofelicidad.mx
၂။ အနီရောင်ပန်းသီးကို အခွံပါ စားပေးပါ။
Source: getyoursilk.com
၃။ ပင်စိမ်း၊ ကိုက်လံ၊ ဟင်းနုနွယ်၊ ပန်းပွင့်စိမ်း၊ ရုံးပတီသီး၊ ဗိုလ်စားပဲနှင့် အစိမ်းရောင်ဟင်းသီးဟင်းရွက်များ စားပေးပါ။
Source: Pixabay
၎။ သင်္ဘောသီး၊ လိမ္မော်သီး၊ ဂရိတ်ဖရုသီး၊ စတော်ဘယ်ရီ၊ ထောပတ်သီးတို့ စားပေးပါ။
Source: Borges
၅။ အစေ့အဆန်တွေ စားပါ။ ဗာဒံစေ့ဟာ အယ်လ်ဇိုင်းမား ဝေဒနာရှင်တွေ အတွက် အားဖြည့်ဓာတ်စာ အဖြစ် စားလို့ရပါတယ်။
၆။ ငါးများများစားပါ။
၇။ အနက်ရောင်ချောကလက်စားပါ။
ဖုန်းကြာရှည်စွာ ပြောခြင်းကို ရှောင်းရှားသင့်ပါတယ်။
Ref: puakpuak ,healtyeating