ငယ်ရွယ်စဉ်မှာ အချိုအစားများတဲ့သူတွေက အသက်ကြီးလာတဲ့အခါ ဆီးချိုရောဂါ ခံစားလာကြရပါတယ်။ ငယ်ရွယ်စဉ်မှာတော့ မိမိစိတ်ကြိုက် စားသုံးနိုင်ပေမယ့် အသက်ကြီးလာတဲ့အခါ အသက်အရွယ်က စကားပြောလာပါပြီ။ ဆီးချိုရောဂါအတွက် ဆေးဝါးများ မှီဝဲဖို့လိုအပ်သလို ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာတွေကိုလည်း စားသုံးပေးဖို့ လိုအပ်ပါတယ်။

ဒါ့ကြောင့် ဆီးချိုသမားများအတွက် ဘယ်လိုအစားအစာတွေက သင့်တော်မလဲဆိုတာကို ဒီတစ်ခေါက်မှာ ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

သဘာဝအဆီဓာတ် ပါဝင်တဲ့ငါးများ

ဆောလမွန်ငါး၊ ဆာဒင်းငါး၊ ပင်လယ်ငါးသလောက်၊ မက်ကရယ်ငါး စတဲ့ငါးတွေက Omega-3 Fatty အက်စစ်ဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့အတွက်ကြောင့် နှလုံးကျန်းမာရေးအတွက် အထူးမှီဝဲသင့်ပါတယ်။ ဆီးချိုသမားတွေရဲ့ နောက်ဆက်တွဲရောဂါက နှလုံးရောဂါဖြစ်တဲ့အတွက်ကြောင့် နှလုံးရောဂါမခံစားရအောင် ကြိုတင်ကာကွယ်ထားရမှာပဲဖြစ်ပါတယ်။

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ

ဟင်းနုနွယ်၊ ကိုက်လံနဲ့ အခြားအစိမ်းရောင် ဟင်းသီးဟင်းရွက်များက ဗီတာမင်နဲ့ သတ္တုဓာတ်တို့ ကြွယ်ဝစွာပါဝင်ပြီး ဟင်းသီးဟင်းရွက်ထဲမှာ ပါဝင်တဲ့ ဗီတာမင်စီက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးရာမှာ တာဝန်ကျေပွန်တဲ့ ဗီတာမင်တစ်မျိုးပဲဖြစ်ပါတယ်။

ကြက်ဥ

သင့်ကို အချိန်အကြာကြီး ဗိုက်ပြည့်နေအောင် စွမ်းဆောင်ပေးနိုင်တဲ့အစားအစာကတော့ ကြက်ဥပဲဖြစ်ပါတယ်။ ကြက်ဥကို နေ့စဉ်စားသုံးပေးခြင်းက မကောင်းတဲ့ ကိုလက်စတောများကို လျော့ချပေးပြီး ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ကိုလက်စတောများကို တိုးမြှင့်ပေးပါတယ်။

နနွင်းမှုန့်

ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲက ကျောက်ကပ်တွေကို ပျက်စီးစေတဲ့ ကျန်းမာရေးဆိုးကျိုးကို ဖြစ်ပေါ်စေပါတယ်။ နနွင်းမှုန့်ထဲမှာ ပါဝင်တဲ့ Curcumin ဓာတ်က သွေးတွင်းသကြားပမာဏကို လျော့ချပေးပြီး ရောင်ရမ်းခြင်းကိုလည်း ကာကွယ်ပေးကာ နှလုံးကျန်းမာရေးနဲ့ ကျောက်ကပ်ကျန်းမာရေးအတွက်လည်း အင်မတန်အကျိုးပြုတဲ့ သဘာဝဆေးစွမ်းကောင်းတစ်လက်ပဲဖြစ်ပါတယ်။

စတော်ဘယ်ရီသီး

စတော်ဘယ်ရီသီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူး

စတော်ဘယ်ရီသီးက ချိုလည်း မချိုလွန်း၊ ချဉ်လည်း မချဉ်လွန်းတဲ့အတွက် သရေဆာမုန့်အနေနဲ့ စားသုံးနိုင်တဲ့ သစ်သီးတစ်မျိုးပဲဖြစ်ပါတယ်။ ဖျော်ရည်အနေနဲ့ ဖျော်သောက်မယ်ဆိုရင်လည်း ကိုယ်က ဆီးချိုသမားဖြစ်တာကြောင့် သကြားမထည့်ဘဲ သဘာဝအရသာအတိုင်း ဖျော်သောက်သင့်ပါတယ်။

Source: healthline.com