မနက်စာ မစားဘဲ နေခြင်းက နေ့လည်စာကို များများ စားမိအောင် လုပ်တဲ့ အကျင့်ဆိုးပါပဲ။ မနက်စာက သင့်ကို စွမ်းအင်တွေ၊ စိတ်ကျေနပ်မှုတွေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်အောင်ကူညီပေးနိုင်ပါတယ်။

မနက်စာကို အမျှင်ဓာတ်၊ ကောင်းတဲ့ ကာဗိုဟိုက်ဒရိတ်နဲ့ ပရိုတင်းအနည်းငယ် စားသုံးပေးသင့်ပါတယ်။ ဒါ့ကြောင့် မနက်စာအဖြစ် စားသုံးသင့်တဲ့ အစားအစာများကို ဝေမျှချင်ပါတယ်။

အုတ်ဂျုံ (Oatmeal)

အုတ်ဂျုံ (Oatmeal) (ကွေကာအုပ်လုပ်တဲ့ အမှုန့်) မှာ အမျှင်ဓာတ်တစ်မျိုးဖြစ်တဲ့ Beta-Glucan ဓာတ်ပါဝင်ပြီး ရံဖန်ရံခါစားရင် ကိုလက်စထရော ကျဆင်းအောင် ကူညီပေးနိုင်ပါတယ်။

အဲ့ဒီအပြင် ဖောလစ်၊ ပိုတက်ဆီယမ်နဲ့ Omega-3 Fatty အက်ဆစ်တို့လည်း ကြွယ်ဝစွာပါဝင်ပါတယ်။

ဒါပေမယ့် သကြားပါပြီးသား အုတ်ဂျုံ (Oatmeal) တွေကို ရှောင်ကြဉ်ပါ။ အုတ်ဂျုံ (Oatmeal) ကို နွားနို့၊ ပျားရည်၊ အသီးအနှံနဲ့အခွံမာ အသီးတို့နဲ့တွဲစားလို့ရပါတယ်။

Greek ဒိန်ချဉ်

Cream ပုံစံ ဒိန်ချဉ်အမျိုးအစားဖြစ်ပြီး ကယ်ဆီယမ်ဓာတ်တွေ၊ ပရိုတင်းဓာတ်တွေပါဝင်ပါတယ်။ Greek ဒိန်ချဉ်မှာ သာမန် ဒိန်ချဉ်တွေထက် ပရိုတင်းဓာတ် ၂ ဆ ပါဝင်ပါတယ်။

ငှက်ပျောသီး

အဝါရောင်ငှက်ပျောသီးမှာ ကစီဓာတ်တွေနဲ့ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကာဗိုဟိုက်ဒရိတ်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ဗိုက်အမြဲ ပြည့်နေသလို ခံစားရမှာပါ။

ငှက်ပျောသီးချည်းပဲနဲ့တော့ မနက်စာအဖြစ် စားရင် ကျန်းမာရေးအတွက် မကောင်းပါဘူး။ ကွေကာအုပ်ထဲမှာ လှီးပြီးထည့်စားတာဖြစ်ဖြစ်၊ အစားအစာတစ်ခုခုနဲ့တွဲစားပါ။

ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်ပြီး သွေးတိုးကိုလည်း ကျစေတာကြောင့် သွေးတိုးရှိသူတွေ မနက်စာအဖြစ် စားသုံးသင့်ပါတယ်။

ကြက်ဥ

ကြက်ဥမှာ ပရိုတင်းဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ဗီတာမင် D လို အာဟာရဓာတ်တွေလည်း အများကြီးပါဝင်ပါတယ်။

ကော်ဖီ

ဘာကြောင့် ဗိုက်ထဲမှာ အစာမရှိခင်မှာ ကော်ဖီမသောက်သင့်သလဲ

ကော်ဖီက သင့်ကို မနက်ခင်းကို လန်းလန်းဆန်းဆန်းနဲ့ တက်ကြွအောင် ကူညီပေးပါတယ်။ ကော်ဖီမှာ ကဖိန်းဓာတ်နဲ့ Antioxidants ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ အဆီတွေများတဲ့ နွားနို့နဲ့ ကော်ဖီရောသောက်တာကတော့ ကျန်းမာရေးအတွက် မကောင်းပါဘူး။

ဒါ့ကြောင့် အဆီထုတ်ထားတဲ့ နွားနို့နဲ့ပဲ တွဲသောက်သင့်ပါတယ်။