လူတစ်ယောက်ချင်းစီရဲ့ အရပ်ရှည်ခြင်းစံနှုန်းက သူ့ရဲ့မျိုးရိုးဗီဇပေါ်မှာ ၈၀ ရာခိုင်နှုန်းခန့် မူတည်နေပါတယ်။ ဒါပေမဲ့လည်း လေ့လာချက်များအရ မိမိစားသောက်သော အစာအာဟာရများ၊ လူနေမှုဘဝပုံစံတွေကလည်းပဲ သင့်ရဲ့ အရပ်ရှည်နှုန်းကို ပံ့ပိုးပေးနိုင်ပါသေးတယ်။

ကလေးငယ်များ အရပ်ရှည်ဖို့အတွက် မျိုးရိုးဗီဇကိုတော့ မပြုပြင်နိုင်ပေမယ့် မိမိစားသုံးတဲ့အစားအစာများကိုတော့ ပြုပြင်နိုင်ပါသေးတယ်။

MyFood Myanmar ကနေပြီးတော့ ဒီတစ်ခါမှာ ကလေးငယ်များ အရပ်ရှည်ပြီး အရိုးအဆစ်များ သန်မာဖို့အတွက် ဘယ်လိုအစားအစာများကို စားသုံးသင့်သလဲဆိုတာ ဖော်ပြပေးလိုက်ရပါတယ်။

ဥအမျိုးမျိုး

Source: Medicalnewstoday.com

ကြက်ဥ၊ ဘဲဥတွေထဲမှာ ပရိုတင်းဓာတ်၊ ဘိုင်အိုတင်းဓာတ်၊ သံဓာတ်နှင့် Riboflavin ဓာတ်တို့ ပါဝင်ပါတယ်။ ပရိုတင်ဒဓာတ်က ဆဲလ်များ ကြီးထွားဖွံ့ဖြိုးဖို့အတွက် ကူညီပေးပါတယ်။ လေ့လာချက်တစ်ခုအရ ပရိုတင်းဓာတ် လုံလောက်စွာမရရှိတဲ့ ကလေးငယ်များက ပရိုတင်းဓာတ် လုံလောက်စွာရရှိတဲ့ ကလေးငယ်များနဲ့ ယှဉ်တဲ့အခါ အရပ်ပိုပုကြတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။

နို့နှင့် နို့ထွက်ပစ္စည်းများ

နွားနို့ကို ဘယ်လို လူတွေ အဓိက သောက်သုံးသင့်သလဲ

နွားနို့ထဲမှာ အရိုးအဆစ်များ သန်မာဖို့အတွက် ကူညီပေးနိုင်တဲ့ ကယ်လ်စီယမ်နှင့် ပရိုတင်းဓာတ်တို့ ပါဝင်ပါတယ်။ ဒါ့ကြောင့် ကလေးငယ်များကို နွားနို့နေ့စဉ် သောက်သုံးစေခြင်း (သို့) နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ ဒိန်ချဉ်၊ ဒိန်ခဲ စတဲ့အစားအစာများကို စားသုံးခိုင်းလိုက်ပါ။

ကြက်သား

သင့်ကလေးရဲ့ခန္ဓာကိုယ်ထဲမှာ ပရိုတင်းဓာတ် လုံလောက်စွာရရှိဖို့အတွက် ကြက်သားကို အရသာအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ စားချင်စဖွယ်ဖြစ်အောင် ချက်ပြုတ်ပြင်ဆင်ကျွေးမွေးနိုင်ပါတယ်။

အစိမ်းရောင်ဟင်းသီးဟင်းရွက်များ

အစိမ်းရောင်ဟင်းသီးဟင်းရွက်များက ကလေးငယ်များအတွက် ခွန်အားတိုးမြှင့်ပေးစေနိုင်သလို အရိုးအတွက်လိုအပ်တဲ့ ကယ်လ်စီယမ်ဓာတ်ကိုလည်း ဖြည့်ဆည်းပေးနိုင်ပါတယ်။

မုန်လာဥနီ

မုန်လာဥနီမှာ Beta-Carotene ဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး ထိုဓာတ်က ခန္ဓာကိုယ်ထဲ ရောက်သွားတဲ့အခါ ဗီတာမင်အေအဖြစ် ပြောင်းလဲသွားပါတယ်။ မုန်လာဥနီကို မှန်မှန်စားသုံးပေးမယ်ဆိုရင် သင့်ခန္ဓာကိုယ်က ကယ်လ်စီယမ်ဓာတ်များ စုပ်ယူနိုင်ဖို့ ကူညီပေးလိမ့်မယ်။

သစ်သီးဝလံများ

Healthy Fruits

သစ်သီးဝလံများက ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးကာ ခန္ဓာကိုယ်ကို ကြီးထွားဖွံ့ဖြိုးစေပါတယ်။ ဒါ့ကြောင့် သင့်ကလေးကို အရပ်ရှည်ပြီး အရိုးအဆစ်များ ကျန်းမာသန်စွမ်းစေဖို့ သစ်သီးဝလံများ စားသုံးခိုင်းလိုက်ပါ။

Source: Stylecraze.com