အသီးအနှံတွေက ကျန်းမာသန်စွမ်းတဲ့ ဆံပင်ကြီးထွားမှုကို အထောက်အကူပြုတာ သိပါသလား? အသားအရေနဲ့ ဆံပင်တို့ရဲ့ကျန်းမာရေးကိုကာကွယ်ဖို့နဲ့ သဘာဝအတိုင်းတောက်ပစေဖို့အတွက် ဗီတာမင်တွေ သတ္တုဓာတ်များနဲ့ ပရိုတင်းများစွာ လိုအပ်ပါတယ်။
ဗီတာမင်အေ ၊ B ၊ C ၊ E ၊ K ၊ ပိုတက်စီယမ် ၊ ပရိုတင်း ၊ အမျှင်ဓာတ် နဲ့ အခြား ဖိုက်တိုအာဟာရ များ ကြွယ်ဝတဲ့ အသီးအနှံတွေက ဆံသားကို နက်ရှိုင်းစွာ အာဟာရ ဖြည့်စွမ်းပေးနိုင်တာကြောင့် ဆံပင်ကျွတ်ခြင်းကို တားဆီး ပေးနိုင်ပါတယ်။
ငှက်ပျော်သီး
ငှက်ပျောသီးမှာ သဘာဝအဆီများ၊ ဗီတာမင်များစွာနဲ့ ပိုတက်စီယမ်တို့ ကြွယ်ဝစွာပါဝင်ပြီး ဆံပင်ကျိုးခြင်းနဲ့ ဆံပင်ကျွတ်ခြင်းကို ကုသပေးနိုင်တဲ့အပြင် ဆံပင်သန်စွမ်းမှုကိုလည်း လှုံ့ဆော်ပေးပါတယ်။ ဆံပင်ရဲ့ ပျော့ပျောင်းမှုကို သဘာဝအတိုင်း တိုးလာဖို့ ကူညီပေးတဲ့အပြင် ဗောက်ထမှုကိုလည်း တာဆီးပေးပါတယ်။
ဆီးဖြူသီး
အိန္ဒိယဆီးဖြူသီး က ဆံပင်ကြီးထွားမှုစက်ဝန်းရဲ့ anagen အဆင့်ကို ရှည်စေပြီး အရွယ်မတိုင်မီ ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးပါတယ်။ သူ့မှာ ဗီတာမင် C ပါ၀င်တာကြောင့် ဆံကေသာကို သန်မာစေတဲ့အပြင် မွေးညင်းပေါက်တွေမှာရှိတဲ့ Melanin ထုတ်လုပ်မှုကို ထိန်းညှိပေးနိုင်ပြီး အရွယ်မတိုင်မီ ဆံပင်ဖြူခြင်းကို ကာကွယ်ပေးပါတယ်။
နာနတ်သီး
နာနတ်သီးမှာ ဗီတာမင် C နဲ့ ကယ်လ်စီယမ် ကြွယ်ဝစွာ ပါဝင်တာကြောင့် ကျန်းမာသန်စွမ်းတဲ့ ဆံကေသာ ကြီးထွားမှုကို အထောက်အကူပြုပါတယ်။ နာနတ်သီးဟာ မွေးညင်းပေါက်တွေရဲံ ကော်လဂျင်ထုတ်လုပ်မှုကို မြှင့်တင်ပေးပြီး ဆံပင်ရဲံ ပရိုတင်းဓာတ်ဆုံးရှုံးမှုကို ကာကွယ်ပေးပါတယ်။
စတော်ဘယ်ရီ
တော်ဘယ်ရီမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်တာကြောင့် စတော်ဘယ်ရီသီးက ဆံပင်ကျန်းမာရေးကို ကောင်းမွန်စေတဲ့အပြင် ဆံသားကြီးထွားမှုကို မြှင့်တင်ပေးပြီး ဆံပင်ကျွတ်ခြင်းကို နှေးကွေးစေတဲ့ ဆီလီကာဓာတ် ပါဝင်ပါတယ်။ စတော်ဘယ်ရီသီးက ဗောက်ထခြင်းကို ကာကွယ်ပေးပြီး ဆံပင်ကို ပျော့ပျောင်းတောက်ပြောင်စေပါတယ်။
ကီဝီသီး
ဗောက်မထအောင် ထိန်းချုပ်ရာမှာကူညီပေးတဲ့ ကီဝီသီးက အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကို တိုက်ဖျက်တဲ့နေရာမှာ ကူညီပေးပြီး ဆံပင်အရင်းကို သွေးလည်ပတ်မှုကောင်းစေတဲ့အပြင် ဆံပင်ကြီးထွားမှုကို မြှင့်တင်ပေးပါတယ်။
သံပုယိုသီး
ဗီတာမင် C ကြွယ်ဝတဲ့သံပုရာသီးဟာ အာဟာရဓာတ်ကို ထောက်ပံ့ပေးတာကြောင့် ထိပ်ပြောင်ခြင်းနဲ့ ဆံပင်ကျွတ်ခြင်းအတွက် အထိရောက်ဆုံး ကုသနည်းတွေထဲကတစ်ခုပါ။