ကယ်ဆီယမ်ဓာတ်က ခန္ဓာကိုယ်အလေးချိန်ရဲ့ ၁.၅ သို့ ၂ ရာခိုင်နှုန်းလောက် ခန္ဓာကိုယ်မှာပါဝင်တယ်ဆိုတာ သင်သိပါသလား။

ကယ်ဆီယံဓာတ်ဆိုရင်တော့ လူတွေ အကုန်လုံးနီးပါးက နွားနို့ကို အမှတ်ရမိကြမှာပါ။

နွားနို့က ကယ်ဆီယံဓာတ်ကြွယ်ဝစွာပါဝင်ပြီး အရိုးတွေနဲ့ သွားတွေကို ကျန်းမာကြံ့ခိုင်စေပါတယ်။

ကယ်ဆီယမ်ဓာတ်ရဲ့ ၉၉ ရာခိုင်နှုန်းက အရိုးနဲ့ သွားတွေမှာ တွေ့ရပြီး ကျန် ၁ ရာခိုင်နှုန်းက ဦးနှောက် အာရုံကြောနဲ့ ကြွက်သားရဲ့ လုပ်ငန်းဆောင်တာတွေမှာ သုံးပါတယ်။

အရိုးကို သန်မာဖို့

ကယ်ဆီယမ်ဓာတ်က အရိုးတွေသန်မာစေပြီး အရိုးပွရောဂါကို ကာကွယ်ပေးပါတယ်။ ကယ်ဆီယမ်ဓာတ်က အထူးသဖြင့် ကလေးတွေရဲ့ အရိုးတွေ ကြီးထွား ဖွံ့ဖြိုးဖို့ အဓိက အရေးကြီးပါတယ်။

အသက် ၂၀ အရွယ်မှာ ကယ်ဆီယမ်ဓာတ် စုပ်ယူနိုင်စွမ်းနဲ့ အရိုးဖွံ့ဖြိုးတိုးတက်မှုက အမြင့်ဆုံးအချိန်ဖြစ်ပြီး အဲ့နောက်ပိုင်းမှ တဖြည်းဖြည်း လျော့ကျလာတာပါ။

ကျောက်ကပ်မှာ ရှိတဲ့ ကျောက်တွေအတွက်

ကယ်ဆီယမ်ဓာတ်က ကျောက်ကပ်မှာ ကျောက်တည်တာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ 

သွေးဖိအားကို ထိန်းညှိပေး

ကယ်ဆီယံဓာတ်လုံလောက်ရင် သွေးတိုးကို ကျစေပြီး သွေးဖိအားကို ထိန်းညှိပေးပါတယ်။ ဒါ့ကြောင့် သွေးတိုးရောဂါရှိသူတွေ ကယ်ဆီယံဓာတ်ကို လုံလောက်စွာ စားပေးဖို့ အရေးကြီးပါတယ်။

ကင်ဆာ

Antioxidant ဓာတ်က ကင်ဆာရောဂါကို ကာကွယ်ပေးသလို ကယ်ဆီယမ်ဓာတ်ကလည်း ကင်ဆာဆဲလ်တွေမဖြစ်လာအောင် တားဆီးပေးပါတယ်။ အထူးသဖြင့် သားဥပြွှန်နဲ့ ရင်သားကင်ဆာတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

အပြုံးလှလှလေးတွေ ပြုံးနိုင်ဖို့

Woman smiling

ကယ်ဆီယမ်ဓာတ်က ကျန်းမာကြံ့ခိုင်တဲ့ မေးရိုး၊ သွားတွေ ရနိုင်ဖို့ အဓိက အရေးကြီးပါတယ်။ ကယ်ဆီယမ်ဓာတ်က သွားကျိုးတာတွေကို ကာကွယ်ပေးပြီး ဘက်တီးရီးယားနဲ့ သွားကျောက်တည်တာမဖြစ်အောင်ကူညီပေးပါတယ်။