ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါတွေကို ကာကွယ်နိုင်ဖို့ ငါး၊ ကညွတ်၊ နနွင်း၊ ဒန့်သလွန်သီး၊ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာများ၊ သစ်ကြမ်းပိုးခေါက်၊ Green Tea စသည်တို့ကို စားသုံး‌ပေးသင့်ပါတယ်။

အဲ့ဒီအပြင် ပုံမှန် လေ့ကျင့်ခန်းလုပ်ပေးသင့်ပြီး လေ့ကျင့်ခန်းလုပ်ပေးရင် စိတ်ဖိစီးမှုကို လျော့ကျစေပြီး ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါတွေကို ကာကွယ်ပြီးသားဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ အဖြစ်များတဲ့ ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါများမှာ အယ်ဇိုင်းမား၊ စိတ်ဓာတ်ကျမှု၊ လေဖြတ်၊Autism၊ Parkinson စသည့် ရောဂါများဖြစ်ပါတယ်။

အာဟာရ မျှတအောင်စားပါ

အာဟာရ မျှတအောင် စားသုံးရင် အယ်ဇိုင်းမား၊ Parkinson၊ လေဖြတ်၊ မှတ်ဉာဏ် စတဲ့ ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါတွေကို ကာကွယ်ပေးပါတယ်။

ဗီတာမင် C၊ ဗီတာမင် E တို့က စွမ်းအားမြင့် Antioxidants ဓာတ်တွေဖြစ်ပြီး ခန္ဓာကိုယ်အတွင်းဖြစ်လာတဲ့ ရောဂါတွေကို တိုက်ဖျက်ပေးပါတယ်။

ဗီတာမင် B ၊ ဗီတာမင် B6 ၊ ဗီတာမင် B12 စတာတွေက အယ်ဇိုင်းမားရောဂါတွေမဖြစ်ပွားအောင် ကာကွယ်ပေးတဲ့ အဓိက ကဏ္ဍကနေ ပါဝင်ပါတယ်။

ငါး

အဆီများတဲ့ ငါးမျိုးဖြစ်တဲ့ ဆယ်မွန်ငါးအမျိုးအစားက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း မြှင့်တင်ပေးပါတယ်။

Omega 3 Fatty အက်ဆစ်က စိတ်ဓာတ်ကျတာကို သက်သာစေပြီး စိတ်ခံစားချက်ကို ကောင်းစေပါတယ်။

ဒန့်သလွန်သီး

ဒန့်သလွန်သီးက ဦးနှောက်မှတ်ဉာဏ်တွေကို ကောင်းစေတာကြောင့် အယ်ဇိုင်းမားရောဂါကို ကာကွယ်ပေးပါတယ်။

ပရိုတင်းဓာတ် ကြွယ်ဝတဲ့ အစားအစာများ

ပရိုတင်းဓာတ် ကြွယ်ဝတဲ့ ကြက်ဥ၊ ငါး၊ အသားတွေမှာ အမိုင်နို အက်ဆစ်ပါဝင်တာကြောင့် ဦးနှောက်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကို မြှင့်တင်ပေးနိုင်ပါတယ်။

အယ်ဇိုင်းမား၊ Parkinson ၊ Huntington နဲ့ စိတ်ဖိစီးမှုဖြစ်ပွားနိုင်ချေကို လျော့ချပေးပါတယ်။

သစ်ကြမ်းပိုးခေါက်

သစ်ကြမ်းပိုးခေါက်ကတော့ ဦးနှောက်ပိုင်းဆိုင်ရာ ကျန်းမာရေးသာမက ခန္ဓာကိုယ်တစ်ခုလုံးအတွက် အရမ်းကောင်းပါတယ်။

နနွင်း

နနွင်းမှာ ဦးနှောက်နဲ့ အာရုံကြောကျန်းမာရေးကို ထောက်ပံ့ပေးတဲ့ ဓာတ်ပေါင်း ၃၀ ကျော်ပါဝင်ပါတယ်။ ဦးနှောက် ဆဲလ်တွေ တစ်ရှူးတွေမှာ ထိခိုက်ပျက်စီးမှုတွေကနေ ကာကွယ်ပေးပါတယ်။