ကိုယ်အလေးချိန်တက်ဖို့ ကြိုးစားရခြင်းက ဝိတ်ချဖို့ကြိုးစားရခြင်းထက် ပိုမိုလွယ်ကူတယ်လို့ လူအများစုက တွေးထင်တတ်ကြပါတယ်။ စာဖတ်သူက ခန္ဓာကိုယ်မှာရှိတဲ့ အဆီပိုတွေကြောင့် စိတ်ရှုပ်နေရတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် သဘာဝနည်းလမ်းလေးတွေက စာဖတ်သူတို့ရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးပါလိမ့်မယ်။

ခန္ဓာကိုယ်ကို ဘေးဥပါဒ်မဖြစ်စေတဲ့အတွက်ကြောင့် စိတ်ချလက်ချအသုံးပြုနိုင်တဲ့ ဝိတ်ချနည်းတွေပဲဖြစ်ပါတယ်။

ပန်းသီးရှာလကာရည်နဲ့ ဝိတ်ချပါ

ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်းကို ရေနွေး တစ်ဖန်ခွက်ဖြင့် ရောနျောလိုက်ပါ။ ထို့နောက် ပျားရည်အနည်းငယ်ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ ထိုဖျော်ရည်ကို တစ်နေ့ နှစ်ကြိမ်သောက်သုံးပေးမယ်ဆိုရင်တော့ နှစ်ပတ်အတွင်း ဝိတ်ကျသွားမှာပဲဖြစ်ပါတယ်။

ကြက်သွန်ဖြူ စားပါ

နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၂ ဇွန်းခန့်ကို ဟင်းချက်တိုင်းမှာ ထည့်ချက်ပေးပါ။ တကယ်လို့ သင့်အနေနဲ့ ကြက်သွန်ဖြူရဲ့ ပြင်းတဲ့အနံ့ကို ခံနိုင်ရည် ရှိတယ်ဆိုရင်တော့ သူ့ချည်းပဲ ဝါးစားပေးနိုင်ပါတယ်။ တစ်နေ့ကို သုံးကြိမ်ခန့် ဝါးစားပေးလိုက်ပါ။

ဂျင်းလက်ဖက်ရည် သောက်ပါ

နုပ်နုပ်စဉ်းထားသော ဂျင်း လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရေနွေးပူ တစ်ဖန်ခွက်ထဲထည့်ကာ ၇ မိနစ်ခန့် စိမ်ထားလိုက်ပါ။ ၇ မိနစ်ပြည့်တဲ့အခါ ပျားရည်အနည်းငယ်ကို ထိုဂျင်းဖျော်ရည်ထဲ ထည့်မွှေပေးလိုက်ပါ။ အအေးခံပြီးနောက်မှာတော့ ထိုဂျင်းလက်ဖက်ရည်ကို သောက်သုံးပေးနိုင်ပါပြီ။ ဒီဖျော်ရည်ကို ထမင်းစားပြီးတိုင်း တစ်နေ့ သုံးကြိမ်ခန့် သောက်သုံးပေးမယ်ဆိုရင်တော့ ခန္ဓာကိုယ်ထဲရှိအဆီပိုများကို သဘာဝအတိုင်း ဖယ်ရှားပေးမှာပဲဖြစ်ပါတယ်။

ရှားစောင်းလက်ပတ်ဖျော်ရည် သောက်ပါ

သကြားမထည့်ထားတဲ့ ရှားစောင်းလက်ပတ်ဖျော်ရည်တစ်ခွက်ကို တစ်နေ့ နှစ်ကြိမ် (သို့) သုံးကြိမ်ခန့် သောက်သုံးပေးပါက အစာချေစနစ်ကို ကောင်းမွန်စေပြီး ကိုယ်အလေးချိန် လျော့ကျစေနိုင်ပါတယ်။

နံနံပင်ဖျော်ရည် သောက်ပါ

နံနံပင် တစ်စည်းခန့်ကို ရေဆေးပြီး ရေ ၁၂၅ မီလီလီတာဖြင့် ဖျော်စက်ထဲထည့်ကာ ဖျော်ပေးလိုက်ပါ။ ထို့နောက် ပျားရည်အနည်းငယ်နှင့် သံပုယိုရည် တစ်ခြမ်းကို အရည်ညှစ်ထည့်ပြီး ထပ်ဖျော်ပေးလိုက်ပါ။ ရရှိလာတဲ့ နံနံပင်ဖျော်ရည်ကို မနက်မိုးလင်းလင်းချင်း ဗိုက်ထဲမှာ ဘာအစားမှ မရှိသေးခင်မှာ သောက်သုံးပေးရပါမယ်။

ထိုဖျော်ရည်ကို ၅ ရက်ဆက်တိုက်သောက်သုံးပြီးနောက်မှာ ၁၀ ရက်ခန့် မသောက်ဘဲ နေပါ။ တစ်ဖန် နောက်ထပ် ၅ ရက်ဆက်တိုက် ဆက်သောက်ပေးရပါမယ်။

Source:  Stylecraze.com