အသားအရေ ခြောက်သွေ့တဲ့သူတွေက Fatty အက်ဆစ်၊ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်တွေပါဝင်တဲ့ အစားအစာတွေကို စားသုံးပေးသင့်ပါတယ်။

ဘာကြောင့် အသားအရေ ခြောက်သွေ့ရသလဲ

မျိုးရိုးဗီဇကတော့ အသားအရေကို အဓိက လွှမ်းမိုးထားပါတယ်။ ဒါပေမယ့် တခြား အသားအရေကို လွှမ်းမိုးတဲ့ အကြောင်းအရင်းတွေလည်း အများကြီးရှိပါတယ်။

စားလေ့ရှိတဲ့ အစားအစာ

ကျန်းမာရေး၊ အသက်အရွယ်၊ ဟော်မှုန်းပြောင်းလဲမှု၊ ရာသီဥတုနဲ့ ညစ်ညမ်းမှု၊ ဆေးလိပ်သောက်ခြင်း တို့ကြောင့်လည်း အသားအရေ ခြောက်သွေ့ပျက်စီး စေပါတယ်။

သံလွင်ဆီ

သံလွင်ဆီမှာ Fatty အက်ဆစ်ဓာတ်တွေနဲ့အာဟာရဓာတ်တွေ အများကြီးပါဝင်နေပါတယ်။ ဒါ့ကြောင့် အရေပြားကျန်းမာရေးအတွက် အထူး သင့်တော်ပါတယ်။

သံလွင်ဆီလေးကို နွေးနွေးလေး ဖြစ်အောင်လုပ်ပြီး မျက်နှာကို လိမ်းပေးရင် ချွေးပေါက်တွေကျဉ်းစေပါတယ်။ အဲ့ဒီအပြင် သံလွင်ဆီလိမ်းပြီး မျက်နှာကို နှိပ်ပေးရင် အသားအရေကို စိုပြေလှပစေပါတယ်။

ထောပတ်သီး

ထောပတ်သီးမှာ ပရိုတင်းဓာတ်၊ အဆီဓာတ်၊ အမျှင်ဓာတ်၊ Antioxidants နဲ့ Fatty အက်ဆစ် တို့ပါဝင်နေပါတယ်။ ဒါ့ကြောင့် ပုံမှန်လေး (တစ်ပတ်မှာ၂ ကြိမ်၊ ၃ ကြိမ်) လောက်စားပေးရင် အသားအရေကို ချောမွေ့လှပစေပါတယ်။

ထောပတ်သီးကို ထောင်းပြီး အသားအရေပေါ် လိမ်းပေးပါ။ မိနစ် ၃၀ လောက်ထားပြီးနောက် ရေဆေးချလိုက်ပါ။ ပုံမှန်လေး လိမ်းပေးရင် သိသိသာသာ လှပလာပါလိမ့်မယ်။

ငှက်ပျောသီး

ငှက်ပျောသီးမှည့်က ခြောက်သွေ့တဲ့ အသားအရေအတွက် အထူးသင့်တော်ပါတယ်။ ဒါ့ကြောင့် ငှက်ပျောသီးကို ပုံမှန်စားသုံးပေးပါတယ်။

အဲ့ဒီအပြင် ငှက်ပျောသီးကို မျက်နှာ Mask အဖြစ်လည်း အသုံးပြုလို့ရပါတယ်။ ငှက်ပျောသီးကို ချေပြီး မျက်နှာမှာ Mask လိုလိမ်းပေးပြီး မိနစ် ၃၀ အကြာမှာ ရေဆေးချလိုက်ပါ။ ဝက်ခြံနဲ့ အရေးအကြောင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။

နွားနို့

နွားနို့မှာ Lactic အက်ဆစ်ပါဝင်တာကြောင့် အသားအရေကို စိုစွတ်စေပြီး ပြန်လည်ပြုပြင်ပေးပါတယ်။ ဒါ့ကြောင့် အလှကုန်ပစ္စည်းတွေကို နွားနို့ကို ထည့်သုံးထားတာဖြစ်ပါတယ်။ နွားနို့ကိုလည်း ပုံမှန် သောက်သုံးပေးပါ။