သက်သက်လွတ် စားသုံးသူတွေမှာ သံဓာတ်ချို့တဲ့တာကိုတွေ့ရများပါတယ်။ သံဓာတ်က အောက်စီဂျင်သယ်ယူပို့ဆောင်ပေးမယ့် သွေးနီဥတွေကိုတည်ဆောက်ဖို့ လိုအပ်ပါတယ်။

ပင်ပန်းနွမ်းနယ်လွယ်ခြင်း၊ အာရုံစိုက်မရခြင်း၊ ဆံပင်တွေကျွတ်ခြင်း၊ အသားအရေတွေ ဖြူဖပ်ဖြူရော်ဖြစ်ခြင်း၊ နှလုံးခုန်မမှန်ခြင်း တို့က သံဓာတ်ချို့တဲ့တာရဲ့ လက္ခဏာတွေပါ။

ကြက် အသည်းနဲ့ အနီရောင် အသားတွေက သံဓာတ်အများဆုံးပါဝင်တဲ့ အစားအစာတွေဖြစ်ပေမယ့် သက်သတ်လွတ်သမားတွေအတွက်လည်း သံဓာတ်များများပါဝင်တဲ့ တခြား အသီးအရွက်တွေရှိပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းက သံဓာတ် ကြွယ်ဝစွာပါဝင်တဲ့ အသီးအနှံတစ်မျိုးပါ။ ပဲတီစိမ်းတစ်ခွက်စာက နေ့စဉ်လိုအပ်တဲ့ သံဓာတ်ပမာဏရဲ့ ၁၀ ရာခိုင်နှုန်းကို ဖြည့်တင်းပေးပါတယ်။ ကိုယ်ဝန်ဆောင်တွေ၊ ကလေးနို့တိုက်ချိန် မိခင်တွေ၊ ကလေးတွေနဲ့ ဆယ်ကျော်သက်အရွယ်တွေ များများစားပေးသင့်ပါတယ်။

သံဓာတ်ရရှိဖို့ ပဲတီစိမ်းစားတာက အနီရောင်အသားစားတာထက်ပိုပြီး ကောင်းပါတယ်။ ကယ်လိုရီပါဝင်မှုနဲ့ အဆီဓာတ်ပါဝင်မှုနည်းတာကြောင့်ပါ။

စွန်ပလွံသီး

စွန်ပလွံသီးမှာ သံဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ ပရိုတင်းဓာတ်လည်း ကြွယ်ဝစွာပါဝင်တာကြောင့် သက်သက်လွတ်သမားတွေ စားပေးသင့်ပါတယ်။

ဗရုံစေ့

ဗရုံစေ့မှာ သံဓာတ်တွေကြွယ်ဝစွာပါင်တာကြောင့် သက်သက်လွတ်သမားတွေရော၊ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အထူးသင့်တော်ပါတယ်။

မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ဇန့်နဲ့ ကယ်ဆီယမ်ဓာတ်တို့လည်း ကြွယ်ဝစွာပါဝင်ပါတယ်။

သရက်သီး

သရက်သီးမှာ သံဓာတ်ကြွယ်ဝစွာပါတယ်နော်။ ဒါ့ကြောင့် သံဓာတ်အားနည်းနေတဲ့သူတွေများများစားပေးသင့်ပါတယ်။

မြေထောက်ပဲ

မြေထောက်ပဲမှာလည်း သံဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ အဲ့ဒီအပြင် သဘာဝ ကာဗိုဟိုက်ဒရိတ်ပါဝင်တာကြောင့် အားအင်တွေဖြစ်စေပါတယ်။ ကယ်လိုရီပါဝင်မှုလည်းနည်းတဲ့အပြင် အဆီလည်းနည်းပါတယ်။