ရုံးမှာလည်း အလုပ်တွေရှုပ်၊ စိတ်ဖိစီးမှုတွေများပြီး ပင်ပန်း။ အိမ်ပြန်ရောက်တော့လည်း ညအိပ်မပျော်ဖြစ်နေပါသလား။

အိပ်ဆေးတွေကလည်း အမြဲတမ်းသောက်လို့မကောင်းပါဘူး။

စိတ်မပူပါနဲ့။ Omega 3 Fatty အက်ဆစ်က သင့်ကို ညအိပ်ပျော်အောင် ကူညီပေးနိုင်ပါတယ်။

ဘယ်နှစ်ကြိမ်သောက်ရမလဲ။

တစ်နေ့ကို ငါးကြီးဆီ၊ (ညစာထမင်းစားပြီးရင်) ၁လုံးသောက်သင့်ပါတယ်။

နေ့တိုင်းနီးပါးသောက်ပေးလို့ ရက်သတ္တပတ်အနည်းငယ်ကြာရင် သိသာလာပါလိမ့်မယ်။

ငါးကြီးဆီက ဘာကောင်းလို့လဲ

ငါးကြီးဆီမှာ Omega 3 Fatty  အက်ဆစ်ပါဝင်ပါတယ်။ Omega 3 Fatty အက်ဆစ်က ဦးနှောက်ထဲမှာ Melatonin ဓာတ်တွေ ထုတ်လွှတ်ပေးပါတယ်။ ဒီဓာတ်က စိတ်ဖိစီးမှုကိုလျော့စေပြီး ဦးနှောက်ကို သက်တောင့်သက်သာဖြစ်စေကာ ညကို ကောင်းမွန်စွာအိပ်ပျော်အောင် ကူညီပေးပါတယ်။

ငါးကြီးဆီ မသောက်ချင်ရင် ငါးတွေ၊ ပင်လယ်စာတွေကို ၁ ပတ်မှာ ၄ရက်၊ ၅ ရက်လောက် များများစားပေးပါ။ ဒီလိုနည်းနဲ့လည်း Omega 3 Fatty  အက်ဆစ်ဓာတ်ကို ရနိုင်ပါတယ်။