ရှားစောင်းလက်ပတ်က အစွမ်းထက်လှတဲ့ ဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးပါ။ ရှားစောင်းလက်ပတ်က အိမ်တွင်းရော၊ အိမ်အပြင်ရောပါ အလွယ်တကူ စိုက်လို့ရတဲ့ အပင်မျိုးပါ။ မြေကောင်းကောင်းနဲ့ နေရောင်ကောင်းကောင်းရရင် စိုက်လို့ရပါတယ်။

အိမ်တိုင်းမှာ စိုက်ထားသင့်တဲ့ အပင်တစ်မျိုးပါ။

ကျန်းမာရေး အကျိုးကျေးဇူးများ

ကိုယ်ခံအားကို မြှင့်တင်ပေး

ရှားစောင်းလက်ပတ်ကို စားပေးရင် ကိုယ်ခံအားစနစ်ကို ကောင်းစေပါတယ်။ ခန္ဓာကိုယ်အတွင်းရှိ ဇီဝကမ္မဖြစ်စဉ်ကို ထိန်းညှိပေးပြီး အစွမ်းရှိတဲ့ Antioxidants ဓာတ်တွေအများကြီးပါဝင်ပါတယ်။ ဝမ်းချုပ်တတ်သူ၊ အစာခြေစနစ်နဲ့ပတ်သက်ပြီး ပြဿနာရှိသူတွေအတွက်လည်း ရှားစောင်းလက်ပတ်ကို စားပေးသင့်ပါတယ်။

အသားအရေကို ကောင်းစေ

Source: www.findhomeremedy.com

နေ့စဉ် ရှားစောင်းလက်ပတ်ကို လိမ်းပြီး ခြောက်သွားရင် ရေနွေးနွေးနဲ့ ဆေးပေးပါ။ ရက်အနည်းငယ်အတွင်းမှာ အသားအရေတွေ ကြည်လင်လာတာကို တွေ့ရပါလိမ့်မယ်။

ဆံပင်အရှည်ကို မြန်စေ

Source: www.findhomeremedy.com

ဆံပင်ရှည်တာနှေးနေပါသလား။ ရှားစောင်းလက်ပတ်အနှစ်ကို ထောင်းလိုက်ပြီးချေလိုက်ပါ။ ပြီးရင် ဆံပင်မှာ လိမ်းပေးပြီး ၄၅ မိနစ်ကြာမှ ခေါင်းလျှောက်ရည်နဲ့ လျှော်ပေးရင် ဆံပင်အရှည်မြန်စေပါတယ်။

နေလောင်ဒဏ်ရာတွေကို သက်သာပျောက်ကင်းစေ

Source: www.findhomeremedy.com

ရှားစောင်းလက်ပတ်အနှစ်ကို နေလောင်ဒဏ်ရာတွေမှာ လိမ်းပေးပြီး ခြောက်သွားတဲ့အထိ အကြာကြီးထားပါ။ ပြီးရင် ရေဆေးချပါ။ ဒါဆိုရင် တဖြည်းဖြည်း နေလောင်ဒဏ်ရာတွေ ပျောက်သွားပါလိမ့်မယ်။

ဝက်ခြံ အမာရွတ်တွေကိုလည်း ဒီအတိုင်းလိမ်းပေးရင် တဖြည်းဖြည်းနဲ့ ပျောက်သွားပါလိမ့်မယ်။