ကိုယ်အလေးချိန်ကျဆင်းပြီး၊ လှပသွယ်လျချင်ရင် အခုဖော်ပြမယ့် ရိုးရှင်းတဲ့ နည်းလမ်းလေးတွေကို လိုက်လုပ်ဖို့တော့ လိုအပ်ပါတယ်။

Green Tea သောက်ပါ

Green Tea က ဇီဝကမ္မဖြစ်စဉ်တွေကို အားကောင်းစေတဲ့ဓာတ်တွေပါဝင်တာကြောင့် ကိုယ်အလေးချိန် ကျဆင်းစေပါတယ်။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

ကောင်းမွန်စွာ အိပ်စက်ပါ

ကိုယ်အလေးချိန်ကျဖို့ အဓိက အရေးကြီးတဲ့အချက်က အချိန်မှန်မှန် အိပ်ပါ။ အိပ်စက်နေချိန်မှာ သင့်ခန္ဓာကိုယ်က အနားယူပြီး ပြန်လည်ပြင်ဆင်စရာရှိတာတွေပြင်ဆင်တာကြောင့် ဥပမာ ကြွက်သားတစ်ရှူးတွေ တည်ဆောက်တာ၊ အဆီတွေလောင်ကျွမ်းတာ၊ ခန္ဓာကိုယ်ထဲမှာရှိတဲ့ စိတ်ဖိစီးမှုတွေ လျော့ချတာတွေလုပ်တာဖြစ်ပြီး ဒီလို လုပ်ဆောင်ချက်တွေကြောင့် လည်း ကိုယ်အလေးချိန်ကျဆင်းနိုင်ပါတယ်။

ဒီလို လုပ်ဆောင်ချက်တွေ လုပ်ဆောင်နိုင်ဖို့ အိပ်ချိန်ပုံမှန်ထားဖို့နဲ့ အိပ်ရေးဝဝ အိပ်နိုင်ဖို့ အရေးကြီးပါတယ်။

စိတ်ဖိစီးမှုကို တိုက်ဖျက်ဖို့

စိတ်ဖိစီးမှုက ခန္ဓာကိုယ်ကို အဆီဓာတ်ပိုစုလာစေပါတယ်။ စိတ်ဖိစီးမှုက ခန္ဓာကိုယ်အတွက်မကောင်းတာကြောင့် စိတ်ဖိစီးမှုလျော့နည်းစေမယ့် နည်းလမ်း ရှာသင့်သလို သို့မဟုတ် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရင်း စိတ်ဖိစီးမှုကို လျော့ချပေးသင့်ပါတယ်။

အေရိုးဗစ် (Aerobics) ကစားပါ

လှုပ်လှုပ်ရှားရှားနေမှ ကိုယ်အလေးချိန် ကျဆင်းမှာဖြစ်တာကြောင့် အေရိုးဗစ် (Aerobics) ကို ဆော့သင့်ပါတယ်။ ဒါမှမဟုတ် စက်ဘီးတာကနေ ကြိုးခုန်တဲ့ လေ့ကျင့်ခန်းမျိုးစုံ၊ နှလုံးခုန်နှုန်းမြန်စေပြီး ကယ်လိုရီလောင်ကျွမ်းအားကောင်းစေတဲ့ ဘယ်လေ့ကျင့်ခန်းမျိုးမဆို ဆော့သင့်ပါတယ်။

Source: www.flickr.com

အလေးမပါ

အလေးမတာကလည်း စားသုံးလိုက်တဲ့ ပရိုတင်းဓာတ်တွေကို ကြွက်သားအဖြစ်ပြောင်းလဲပေးပါတယ်။

ကျန်းမာစေတဲ့ အစားအစာတွေပဲ စားပါ

တစ်ပတ်စာ ဘာစားမလဲ၊ ဘာတွေဝယ်ရမလဲ ဆိုတာ ကြိုတင်စီစဉ်ထားပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေပဲ စားသုံးပါ။

ဆိုဒါနဲ့ အရက်ရှောင်ကြဉ်ပါ

ကယ်လိုရီများတဲ့ သကြားဓာတ်များတဲ့ ဆိုဒါနဲ့ အရက်တို့ကို ရှောင်ကြဉ်ပါ။ ဒီလိုရှောင်ကြဉ်လိုက်တာနဲ့ ကယ်လိုရီ ရာနဲ့ချီပြီး အများကြီး လျော့ချသွား နိုင်ပါတယ်။

အမျှင်ဓာတ်တွေပိုစားပါ

ကိုယ်စားသုံးတဲ့ ဟင်းလျာတွေထဲမှာ အမျှင်ဓာတ်တွေ ပို များများစားပေးပါ။ အမျှင်ဓာတ်တွေ များများစားရင် ဗိုက်ပြည့်လွယ်ပြီး အများကြီးစားတာမျိုး မဖြစ်အောင် ကူညီပေးပါတယ်။ အဲ့ဒီအပြင် ကိုလက်စထရော ကိုလည်းလျော့ချပေးပြီး အစာခြေစနစ်ကိုလည်း အားကောင်းစေပါတယ်။