သင့်ရဲ့တံတောင်ဆစ်နဲ့ ဒူးခေါင်းတွေက အခြားအသားအရေထက်စာရင် မဲနေလို့ စိတ်ညစ်နေပါသလား။ အင်္ကျီဂျိုင်းပြတ်တွေ ဘောင်းဘီတို၊ စကပ်တိုလေးတွေ ဝတ်တဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှု ကင်းမဲ့နေသလို ဖြစ်နေပြီလား။

တံတောင်ဆစ်နဲ့ ဒူးခေါင်းများ မဲနေခြင်းက စိတ်ပူစရာကိစ္စတော့မဟုတ်ပါဘူး။ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝတရားပဲဖြစ်ပါတယ်။ ထိုနေရာတွေမှာ ဆဲလ်သေများ စုပြုံနေတတ်လို့ မဲနေရခြင်းဖြစ်ပါတယ်။

ထိုမဲနေတဲ့ အမဲကွက်တွေကို ပြန်လည်ဖြူဝင်းလာချင်ပါသလား။ အခုဖော်ပြပေးမယ့် အစားအစာလေးတွေနဲ့ ပြန်လည်ဖြူဝင်းလာအောင် ပြုလုပ်နိုင်ပါတယ်။

သံပုယိုဆီ

သံပုယိုဆီ ၁၂ စက်ခန့်ကို အုန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် တံတောင်နဲ့ ဒူးခေါင်းမှာ သုတ်လိမ်းပေးလိုက်ပါ။ တစ်ညခန့် လိမ်းထားပြီး မနက်ရောက်မှ ရေဆေးလိုက်ပါ။

ဒီနည်းလမ်းလေးကို တစ်ပတ်မှာ အနည်းဆုံးတစ်ကြိမ်ခန့် ပြုလုပ်ပေးရပါမယ်။ သံပုယိုဆီက သံပုယိုသီးလိုပဲ အသားအရေကို ပြန်လည်ဖြူဝင်းလာအောင် ကူညီပေးနိုင်ပါတယ်။

ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း တစ်ဇွန်းကို ပျားရည် စားပွဲတင်ဇွန်း နှစ်ဇွန်းနဲ့ ရောနှောပေးလိုက်ပါ။ ထိုအရောအနှောကို တံတောင်ဆစ်နဲ့ ဒူးခေါင်းမှာ သုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၂၀၊ မိနစ် ၃၀ ကြာမှ ရေဆေးချလိုက်ရပါမယ်။ ဒီနည်းလမ်းကိုလည်း တစ်ပတ်မှာတစ်ကြိမ် ပြုလုပ်ပေးရပါမယ်။

အာလူး

အာလူးတစ်လုံးကို ထက်ခြမ်း ခြမ်းလိုက်ပါ။ ထို့နောက် အနေတော် အထူခန့် ထပ်မံလှီးဖြတ်ပေးရပါမယ်။ ရရှိလာတဲ့ အာလူးပြားကို တံတောင်နဲ့ ဒူးခေါင်းမှာ ပွတ်တိုက်ပေးလိုက်ပါ။ မိနစ်အနည်းငယ်ကြာ ပွတ်တိုက်ပြီးနောက် မိနစ် ၃၀ ခန့်ကြာမှ ရေဆေးရပါမယ်။ ဒီနည်းလမ်းကိုလည်း တစ်ပတ်မှာ တစ်ကြိမ် ပြုလုပ်ပေးရပါမယ်။

အုန်းဆီ

သဘာဝအုန်းဆီစစ်စစ် စားပွဲတင်ဇွန်း ၂ ဇွန်းခန့်ကို တံတောင်ဆစ်နဲ့ ဒူးခေါင်းနေရာမှာ သုတ်လိမ်းကာ နှိပ်နယ်ပေးလိုက်ပါ။ မိနစ် ၃၀ ခန့်ကြာမှ ရေဆေးချလိုက်ပါ။ ဒီနည်းလမ်းကိုလည်း တစ်ပတ် တစ်ကြိမ် မှန်မှန်ပြုလုပ်ပေးရပါမယ်။

သကြားနှင့် သံလွင်ဆီ

သကြား စားပွဲတင်ဇွန်း တစ်ဇွန်းခန့်ကို သံလွင်ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းနဲ့ သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် မဲနေသော တံတောင်နဲ့ ဒူးခေါင်းနေရာမှာ ပွတ်တိုက်ပေးလိုက်ပါ။ မိနစ် ၃၀ ခန့်ကြာမှ ရေဆေးချလိုက်ပါ။ ခြောက်သွားဖို့ရန်အတွက် သုတ်တဲ့အခါမှာလည်း မပွတ်တိုက်ဘဲ ဖွဖွလေးပဲ သုတ်ပေးရပါမယ်။

Source: Stylecraze.com