အလုပ်တွေလည်းများ၊ စိတ်တွေရှုပ်၊ စိတ်ဖိစီးမှုများတာနဲ့ အစားအစားချိန်တွေကျော်လွန်ကာ အစာအိမ်တွေ ဖြစ်ကြတာများပါတယ်။

ဆေးခန်းပြ ပြန်ကောင်းလာပေမယ့် နည်းနည်းလေးစားတာနဲ့ပြန်အန်တာမျိုးတွေလည်း ကြုံတွေ့နေကြရပါတယ်။

ဒီလို အခြေအနေမျိုးမှာ ကိုယ့်ရဲ့ အစာခြေစနစ်ကို ပြန်ကောင်းလာအောင် သဘာဝ နည်းနဲ့ ဘယ်လို လုပ်ဆောင်ကြမလဲ။

၁။ တကယ့် အစားအစာတွေ စားပါ

ဝက်သားကင်နဲ့ အသီးအရွက်ကြော်

အသင့်စား အစားအစာတွေအစား တကယ့် အသီးအရွက်၊ အသား၊ ငါးတို့ကို ချက်ပြုတ်ထားတဲ့ အစားအစာတွေကို စားပါ။

၂။ အမျှင်ဓာတ်များတဲ့ အစားအစာ

အမျှင်ဓာတ်က အစာခြေစနစ်အတွက် အရေးကြီးပါတယ်။ Soluble Fibre ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်များက ရေကို စုပ်ယူပြီး အစာအိမ်ဟောင်းလှုပ်ရှားမှုကို ထောက်ပံ့ပေးကာဝမ်းချုပ်တာကိုလည်း ပျောက်ကင်းစေပါတယ်။

ပဲအမျိုးမျိုး၊ အခွံမာအသီး၊ အစေ့အဆန်များ၊ ဟင်းသီးဟင်းရွက်၊ ဂျုံ စသည့် အစားအစာများတွင် ပျော်ဝင်နိုင်သည့် အမျှင်ဓာတ် Soluble Fiber များ ကြွယ်ဝစွာ ပါဝင်နေပါတယ်။

အဲ့ဒီအပြင် Prebiotics Fiber ဓာတ်များလည်း ပါဝင်တာကြောင့် အစာခြေစနစ်ကို အားကောင်းစေပါတယ်။

၃။ ကျန်းမာရေးနဲ့ကိုက်ညီသည့် အဆီဓာတ်များကို စားသုံးပါ

Omega 3 and 6

ကျန်းမာရေး နှင့် ကိုက်ညီသည့် အဆီဓာတ်များဖြစ်တဲ့ Omega-3 Fatty အက်ဆစ်ဓာတ်များသည်လည်း အစာခြေစနစ်ကို အားကောင်းစေပါတယ်။

Omega-3 Fatty အက်ဆစ်ဓာတ်များကို ငါးအမျိုးမျိုး၊ အစေ့အမျိုးမျိုး နှင့် အခွံမာအသီးတို့တွင် ပါဝင်နေပါတယ်။

၄။ ရေဓာတ်ပြည့်ဝအောင် ဂရုစိုက်ပါ

ရေဓာတ်နည်းပါက ဝမ်းချုပ်တတ်ပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို ရေ ၂ လီတာလောက်သောက်သုံးပေးလျှင် အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ်တာကို ကာကွယ်ပေးပါတယ်။