အလေးချိန် ၁၇၉၄ ပေါင်လေးတဲ့ Cheese Burger က ကမ္ဘာပေါ်မှာ ရောင်းချနေတဲ့ အကြီးဆုံး ဟမ်ဘာဂါဖြစ်ပါတယ်။

အဲ့ဒီ ဧရာမကြီး ဟမ်ဘာဂါကို အမေရိကန်ပြည်ထောင်စု၊ မီချီကန်ပြည်နယ်ရှိ Mallie’s Sports Grill and Bar က ရောင်းချနေတာပါ။

အလေးချိန် ပေါင် ၈ထောင်နီးပါးရှိတဲ့ ဟမ်ဘာဂါကို မှာယူမယ်ဆိုရင် ၃ ရက်ကြိုတင်မှာယူရမှာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၇၇၉၉ ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။

အခုလို ဧရာမကြီး ဟမ်ဘာဂါကို ချက်ပြုတ်တီထွင်နိုင်ဖို့ အချိန် ၃ နှစ်ကျော်ကြာ ယူခဲ့ရတာပါ။

စားသောက်ဆိုင်ပိုင်ရှင် စတီဗင် မာလီက ပထမဆုံး အလေးချိန် ၁၀ ပေါင်လေးတဲ့ ဟမ်ဘာဂါကို တီထွင်ရောင်းချခဲ့ပါတယ်။၂၀၀၈ခုနှစ်မှာ အရသာရှိပြီး တကယ်စားလို့ရတဲ့ ၁၃၈ ပေါင်လေးတဲ့ ဟမ်ဘာဂါကို တီထွင်ခဲ့တာကြောင့် ကမ္ဘာ့ဂရင်းနစ်စံချိန် ဝင်ခဲ့ပါတယ်။

ဒါပေမယ့် တခြား စားသောက်ဆိုင်တွေက သူ့ထက်ကြီးတဲ့ ဟမ်ဘာဂါကို တီထွင်ခဲ့တာကြောင့် ဂရင်းနစ်စံချိန်ကနေ ပြုတ်သွားခဲ့ပါတယ်။