မိုးအေးလှတဲ့ ရက်တွေမှာ ငရုပ်ကောင်းပါတဲ့ ဟင်းချို/ခါးလေး တစ်ခွက်သောက်လိုက်ရင်ဖြင့် ရင်ထဲကို နွေးသွားစေပြီး မလန်းမဆန်းဖြစ်နေတာတွေကို ပျောက်သွားသလို ခံစားရပါတယ်။ ခေါင်းမကြည် ထုံထိုင်း ဖြစ်နေရင် ငရုပ်ကောင်းပါတဲ့ ဟင်းချိုတစ်ခွက် သောက်လိုက်ရင် လန်းသွားသလို ခံစားရပါတယ်။ ငရုပ်ကောင်းဟာ ကမ္ဘာပေါ်မှာ နေရာအနှံ့အပြား အသုံးပြုတဲ့ ဟင်းခတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီဟင်းခတ်အမွှေးအကြိုင်မှာ ကျန်းမာရေးနဲ့ ညီညွှတ်စေတဲ့ ကောင်းကျိုးတွေလည်း ရှိပါတယ်။

ငရုပ်ကောင်းဟာ ဗီတာမင်ကေ၊ ဗီတာမင်စီ၊ သံဓာတ်၊ မဂ္ဂနီယမ်နဲ့ ပိုတက်စီယမ်တို့ ပါဝင်ပါတယ်။ အခြား အာဟာရဓာတ်တွေလည်း ပါဝင်ပြီး အအေးမိနဲ့ ချောင်းဆိုးရောဂါတွေ ဖြစ်တဲ့ အခါ ဆေးဝါးအဖြစ် တိုင်းရင်းဆေးဆရာတွေ အသုံးပြုပါတယ်။ ငရုပ်ကောင်းဟာ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကို ကောင်းမွန်စေပါတယ်။ ကယ်လိုရီကို လောင်ကျွမ်းစေနိုင်ပြီးတော့ ကိုယ်အလေးချိန် လျှော့ချချင်သူတွေ အတွက် နေ့တိုင်း စားပွဲဇွန်း တစ်ဝက်စာ စားပေးသင့်ပါတယ်။ အစာခြေစနစ်ကိုပါ ကောင်းမွန်စေနိုင်တဲ့ အတွက် အစာအိမ်ပြဿနာလည်း ကင်းဝေသွားစေပါတယ်။

ငရုပ်ကောင်းရဲ့ ပူတဲ့ အရသာဟာ အရေပြားမှာ လိမ်းရင်တော့ ပူတာစပ်တာ မရှိပါဘူး။ ငရုပ်ကောင်းဟာ အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေနိုင်ပါတယ်။ အရေပြားက အာဟာရဓာတ်နဲ့ အောက်ဆီဂျင်ကို စုပ်ယူဖို့ လွယ်ကူစေရန် ပံ့ပိုးပေးပါတယ်။ ဘတ်တီးရီးယား ပိုးတွေကို ကာကွယ်ပေးပြီး ဝက်ခြံမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ အရေပြား ကျန်းမာစေဖို့ အတွက် နေ့စဉ်စားတဲ့ အစားအစာတွေထဲမှာ ငရုပ်ကောင်း အနည်းငယ် ထည့်စားပေးခြင်းဖြင့် အရေပြားကို ကျန်းမာစေနိုင်ပါတယ်။

Ref: goodhealth, healthinfact