ဦးနှောက် မှတ်ဉာဏ်များပိုကောင်းပြီး ဦးနှောက်လုပ်ဆောင်ချက်ကို မြှင့်တင်ပေးသည့် အစားအစာများကို ဝေမျှပေးချင်ပါတယ်။

မြေပဲ

https://www.youtube.com/watch?v=y2Jh4_0H9Eo

မြေပဲမှာ Niacin ၊ ဖော်လစ်၊ ဗီတာမင် E တို့ ကြွယ်ဝစွာပါဝင်နေပါတယ်။ အဆိုပါ အာဟာရဓာတ်များက အယ်ဇိုင်းမား ရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

မြေပဲမှာပါဝင်တဲ့ Polyphenolic Compound ပါဝင်ပါတယ်။ ဒီကွန်ပေါင်းဓာတ်များက ဦးနှောက်ရဲ့ ဆဲလ်များကို တက်ကြွပြီး စွမ်းအင်အပြည့်ဖြစ်စေပါတယ်။

ကောက်ပဲသီးနှံများ

အုတ်ဂျုံ၊ ဘာလီ၊ ဆန်၊ ဂျုံစသည့် ကောက်ပဲသီးနှံများသည်လည်း ဦးနှောက်ကို အားကောင်းစေသည့် အစားအစာများဖြစ်ပါတယ်။

အစိမ်းရောင် ဟင်းသီးဟင်းရွက်များ

အစိမ်းရောင် ဟင်းသီးဟင်းရွက်များမှာ ဖောလစ်၊ Nitrate ၊ Lutein စသည့် ဓာတ်များပါဝင်တာကြောင့် သတိမေ့တာများကိုလည်း ကာကွယ်ပေးပါတယ်။

ပဲအမျိုးမျိုး

ပဲအမျိုးမျိုးများမှာ သံဓာတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဖောလစ်၊ Choline ၊ Thiamin နှင့် Phytosterols ဓာတ်များပါဝင်ပါတယ်။

အဆိုပါ ဓာတ်များက ထိုးထွင်း သိမြင်နိုင်မှုကို တိုးတက်အောင် ကူညီပေးပါတယ်။

ထောပတ်သီး

ထောပတ်သီးကတော့ အရသာလည်း ရှိပြီး ကျန်းမာရေးအတွက်လည်း အရမ်းကောင်းတဲ့အသီးပါ။ Monounsaturated fats၊ အမျှင်ဓာတ်၊ Lutein နှင့် တခြား Bioactives များ ကြွယ်ဝတာကြောင့် မျက်လုံး နှင့် ဦးနှောက် ကျန်းမာရေးအတွက် ကောင်းပါတယ်။