လူ့ခန္ဓာကိုယ်မှာ စွမ်းအင်အမြင့်ဆုံးကိုယ်အင်္ဂါတစ်ခုက ဦးနှောက်ပါ။ နေ့စဉ် တွေးကြံသိမှု အားလုံးနဲ့ အမိန့်ညွှန်ကြားချက်အားလုံးက ဦးနှောက်က လုပ်ပေးပါတယ်။ မိုးလင်း အိပ်ရာထကနေ ညမိုးချုပ်အိပ်ရာဝင်တဲ့အထိ ဦး‌နှောက်ရဲ့ စွမ်းအားကို ကျွန်တော်တိူ့ အသုံးချနေကြတာပါ။ ဦးနှောက်စွမ်းအားကောင်းမှ အာရုံစူးစိုက်မှု မြင့်မယ် ၊ ထိထိရောက်ရောက် ရှင်းရှင်းပြတ်ပြတ် တွေးခေါ်နိုင်မယ်။ သက်ရှည်ကျန်းမာ စိတ်ချမ်းသာစွာနေနိုင်ပါလိမ့်မယ်။ ဒီတော့ ဦးနှောက်စွမ်းအားကို မြှင့်တင်ပေးနိုင်မယ့် ဓါတ်တွေ အစားအသောက်တွေကို သိထားမယ်ဆိုရင် ကိုယ့်အတွက် အများကြီး အကျိုးရှိမှာပါ။

(၁) Omega-3

Photo : Wix.com

ဦးနှောက်ရဲ့ ၆၀% က အဆီတွေ ဖြစ်ပါတယ်။ ဒီတော့ ဦးနှောက်ကျန်းမာချင်ရင် ဦးနှောက်ထဲက အဆီတွေ ကျန်းမာရေးကောင်းဖို့ လိုပါတယ်။ ဒီအတွက် Omega-3 ပါဝင်တဲ့ ချယားစေ့ ၊ ဆာဒင်းငါး ၊ ဆယ်လ်မွန် ၊ ဥအမျိုးမျိုးနဲ့ ငါးဆီတွေ စားပေးသင့်ပါတယ်။

(၂) မဂ္ဂနီဆီယမ်

Photo : NBC News

မဂ္ဂနီဆီယမ်ဟာ stress ဟော်မုန်းကျဆင်းစေပြီး နျူရွန်ဆဲသန်စွမ်းမှု အားပေးပါတယ်။ အစားအသောက်တွေထဲမှာ မဂ္ဂနီဆီယမ် ကြွယ်ဝတာတွေကတော့ အယ်လ်မွန် ၊ ထောပတ်သီး ၊ သီဟိုဠ်စေ့တို့ ပါဝင်ပါတယ်။

(၃) Vitamin B

Photo: Eat This, Not That

ဗိုက်တာမင်ဘီအုပ်စုဟာ ဦးနှောက်ကျန်းမာရေးအတွက် ကျန်းမာရေးအကျိုးများပါတယ်။ Thiamine လို့ လူသိများတဲ့ ဗိုက်တာမင်ဘီဝမ်းဟာ တစ်နေ့တာ ဇီဝကမ္မဖြစ်စဉ်အတွက် စွမ်းအင်အမြောက်အများထောက်ပံ့ပေးတဲ့ ဗိုက်တာမင်ဓါတ် ဖြစ်ပြီး စိတ်ခံစားမှု ၊ စွမ်းအင်နဲ့ နိုးကြားမှုတွေ မြှင့်တင်ပေးပါတယ်။

ဗိုက်တာမင်ဘီဝမ်း (သီယာမိုင်း) ကို နေကြာစေ့ ၊ ပဲနီလေးနဲ့ ခွေးလှေးယားစေ့တို့မှာ အများအပြားတွေ့ရပါတယ်။
ဗိုက်တာမင်ဘီဆစ်ဟာ စိတ်ပင်ပန်းမှု တိုက်ဖျက်ပေးပြီး လူကိုပိုပျော်ရွှင်စေအောင် ကူညီပေးပါတယ်။ ဦးနှောက်ထဲမှာ ရှိနေတဲ့ ပျော်ရွှင်မှုအတွက် အရေးပါနေတဲ့ Serotonin နဲ့ Norepinphrine တွေ တည်ဆောက်ပေးပါတယ်။ Vitamin B6 ကို တူနာငါး ၊ အမဲသား ၊ ထောပတ်သီးတို့မှာ တွေ့ရပါတယ်။

ကိုယ်ခံအားစနစ်ကို ထိန်းညှိပေးပြီး ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးကြီးတဲ့ ဗိုက်တာ Vitamin B9 လို့ ခေါ်ပါတယ်။ Folate လို့လည်း ခေါ်ကြပါတယ်။ ပန်းဂေါ်ဖီစိမ်း ၊ ဟင်းနုနွယ် ၊ အမဲအသည်း နဲ့ မုန်ညင်းဖြူတို့မှာ Vitamin B9 ပါဝင်ပါတယ်။
Vitamin B12 ဟာ အရိုး ၊ ဆံပင် ၊ အရေပြား ၊ လက်သည်း နဲ့ နှလုံးကျန်းမာဖို့ ၊ ကိုယ်ခံအားစနစ် ဖွံ့ဖြိုးဖို့အတွက် အရေးကြီးးပါတယ်။ ဆာဒင်းငါး ၊ ဆယ်လ်မွန် ၊ ကြက်ဥနဲ့ အမဲအသည်းတွေစားရင် Vitamin B12 ဖြည့်ပြီး ဖြစ်ပါတယ်။

(၄) Vitamin C

Photo : Good Decisions

ဗိုက်တာမင်စီဟာ Dopamine ၊ Serotonin နဲ့ Norepinephrine တို့လို Neurotransmitters တွေ ထုတ်လုပ်ဖို့အတွက် အရေးကြီးတဲ့ ဓါတ်ဖြစ်ပါတယ်။ ဒီ Neurotransmitters တွေဟာ စိတ်ခံစားချက်ကို ထိန်းညှိပေးပါတယ်။ ဗိုက်တာမင်စီ ကြွယ်ဝတာတွေကတော့ ပန်းဂေါ်ဖီစိမ်း ၊ သံပုရာ/လိမ္မော် ၊ ဖရဲသီးနဲ့ ဟင်းနုနွယ်တို့ ဖြစ်ပါတယ်။

(၅) ဗိုက်တာမင်ဒီ

Photo: Coronavirus Monitor.co.za

ဗိုက်တာမင်ဒီကလည်း ဦးနှောက်စွမ်းဆောင်ရည် မြင့်မားဖို့ အရေးကြီးတဲ့ ဓါတ်တစ်မျိုး ဖြစ်ပါတယ်။ သဘာဝနေရောင်ခြည်ဟာ ဗိုက်တာမင်ဒီဓါတ်ကို ပေးနိုင်လို့ မနက်စောပိုင်း နေဆာလှုံပေးသင့်ပါတယ်။

(၆) ဗိုက်တာမင်အီး

Photo : FirstCry Parenting

ဦးနှောက်ဆဲလ်တွေမပျက်စီးအောင် ကာကွယ်ပေးပါတယ်။ဗိုက်တာမင်အီးချို့တဲ့သူတွေဟာ ဝမ်းပျက်ဝမ်းလျှောဖြစ်မယ် ၊ ကြွက်သားအားနည်းပြီး အသိချွတ်ယွင်းမှုတွေ ဖြစ်နိုင်ပါတယ်။ ဗိုက်တာမင်အီးကို သံလွန်ဆီ ၊ အယ်လ်မွန်နဲ့ ရှမ်းနံနံတို့မှာ ရနိုင်ပါတယ်။

(၇) ဇင့်

Photo : It’s What’s For Dinner

ဇင့်လို့ခေါ်တဲ့ သတ္ထုဓါတ်ဟာ နျူရွန်ဖွံ့ဖြိုးမှုနဲ့ စွမ်းဆောင်ရည်တွေအတွက် မရှိမဖြစ် အရေးပါပါတယ်။ ဇင့်ဓါတ်ရအောင် ဖရုံစေ့ ၊ အမဲသား ၊ သီဟိုဠ်စေ့၊ မှိုနဲ့ ဟင်းနုနွယ်တို့ကို စားပေးသင့်ပါတယ်။