လူအတော်များများဟာ ကိုယ်ကြိုက်တဲ့ အစားအစာတွေကိုပဲ ရွေးစားကြပြီး ကျန်းမာရေးနဲ့ ညီညွှတ်တယ် မညီညွှတ်ဘူးဆိုတာ သိပ်ပြီး မစဉ်းစားဖြစ်ကြပါဘူး။ ကိုယ်စားတဲ့ အစားတိုင်းဟာ အရသာလည်းရှိ ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေတယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ လူတစ်ယောက်အတွက် မနက်စာဟာ အရေးကြီးပါတယ်။

တစ်နေကုန်  ပင်ပန်းမှုတွေကို ရင်ဆိုင်နိုင်ဖို့ မနက်စာကောင်းကောင်း စားဖို့ လိုပါတယ်။ မနက်စာ မစားခြင်းဟာ ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေအတွက်တော့ မကောင်းလှပါဘူး။ ဒါကြောင့် ပေါ့ပေါ့ပါးပါးနဲ့ အာဟာရဖြစ်စေမယ့် မနက်စာတွေ စားဖို့ လိုပါတယ်။

Oatmeal (အုတ်ဂျုံ)

မန်မာပြည်မှာတော့ စားတာနည်းလှပါတယ်။ အချို့ကလေးတွေလောက်ပဲ စားကြပါတယ်။ အုတ်ဂျုံဟာ အမျှင်ဓာတ်ပါဝင်မှု များပြီး နှလုံးကို ကျန်းမာစေပါတယ်။ ကိုယ်ကြိုက်တဲ့ အသီးတစ်မျိုးမျိုးနဲ့ ရောစားလို့ ရပါတယ်။ နွားနို့နဲ့ ဒီအတိုင်း စားလည်း ရပါတယ်။ ဗိုက်ပြည့်စေပြီး အာဟာရလည်း ဖြစ်စေပါတယ်။

ဒိန်ချဉ်

ကယ်လ်ဆီယမ်နဲ့ ပရိုတင်းဓာတ်တွေ ပြည့်ဝနေတဲ့ ဒိန်ချဉ်ဟာ မနက်စာအတွက် ကောင်းမွန်တဲ့ အစားအစာထဲ ပါဝင်ပါတယ်။ ဒီအတိုင်းစားလို့ ရသလို အသီးနဲ့လည်း ရောပြီး စားလို့ ရပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးကို သူ့အတိုင်း စားလို့ ရသလို နွားနို့တစ်ခွက်နဲ့ တွဲစားလို့လည်း ရပါတယ်။ ၀ိတ်ချနေသူတွေ ဆိုရင်တော့ သူ့ချည်းသက်သက် စားပါ။ အစာခံပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ မနက်စာပါ။

ကြက်ဥ

ကြက်ဥကြော်ဟာ တစ်ကမ္ဘာလုံး စားတဲ့ မနက်စာလို့တောင် ပြောလို့ရပါတယ်။ မြန်မာမှာတော့ ကြက်ဥကြော်နဲ့ ထမင်းကြော် စားကြတာများပါတယ်။ ပေါင်မုန့်နဲ့ ကြက်ဥကြော် စားကြတာလည်း များပါတယ်။ ကြက်ဥမှာ ပါဝင်တဲ့ ပရိုတင်းဓာတ်တွေ သတ္တုဓာတ်တွေကတော့ အထွေအထူး ပြောစရာတောင် လိုမယ် မထင်တော့ပါဘူး။

ပေါင်မုန့်

Whole Weat Bread

ပေါင်မုန့်လို့ ပြောရင် ရိုးရိုး ပေါင်မုန့်ညိုကို စားတာ အကောင်းဆုံးပါပဲ။ ပေါင်မုန့်ဖြူတွေနဲ့ အစာသွပ်တွေဟာ ကျန်းမာရေးအတွက် သိပ်တော့ မကောင်းလှပါဘူး။ ပေါင်မုန့်ညို ကို ကော်ဖီနဲ့ တွဲသောက်ရင်လည်း ရပါတယ်။ ကိုလက်စထရောလယ်ဗယ် သိပ်မမြင့်တဲ့ အတွက် အာဟာရပြည့်စေပြီး ကျန်းမာစေမယ့် မနက်စာပါ။

Ref: zeenews