မနက်စာက ထမင်း၃ နပ်စာထဲမှာ အရေးကြီးဆုံးဆိုတာ ကြားဖူးကြမှာပါ။ ဒီထက်အရေးကြီးတာက ဇီဝကမ္မဖြစ်စဉ်တွေနဲ့ ဦးနှောက်ကို အားကောင်းစေတဲ့ မနက်စာကို စားပေးဖို့ပါပဲ။

ဒါ့ကြောင့် ဦးနှောက်ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ မနက်စာများကို ဝေမျှချင်ပါတယ်။

အုတ်ဂျုံ

မနက်မိုးလင်း အိပ်ရာကနေနိုးလာရင် ဦးနှောက်က လတ်ဆတ်တဲ့ သကြား သို့မဟုတ် သွေးကြောထဲမှာ ကလူးကို့စ် ဓာတ်လိုအပ်ပါတယ်။

ဒါ့ကြောင့် မနက်စာမှာ သကြားဓာတ်ပါဝင်တဲ့ မနက်စာကို စားပေးရင် သွေးအတွင်း သကြား ဓာတ်ကို တိုးစေပြီး ကလူးကို့စ်ဓာတ်ကို မြင့်တင်စေပါတယ်။

မနက်ခင်းမှာ အုတ်ဂျုံ (ကွေကာအုပ်လုပ်တဲ့ အုတ်ဂျုံ) စားပေးတဲ့ ကလေးဟာ တခြား ကလေးတွေထက် ပညာရေး ရလဒ် ၂၀ ရာခိုင်နှုန်းမြင့်မားပါတယ်။ အုတ်ဂျုံမှာပါဝင်တဲ့ ဓာတ်က သွေးအတွင်း အချိုဓာတ်ကိုမြင့်စေပြီး မှတ်ဉာဏ်နဲ့ အာရုံစိုက်မှုကို ကောင်းမွန်စေပါတယ်။

ကြက်ဥ

ကြက်ဥက တော့ မနက်စာ စားပေးသင့်တဲ့ အစာပါဘဲ။ ကြက်ဥမှာ ပရိုတင်းဓာတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။

ကြက်ဥမှာပါဝင်တဲ့ ပရိုတင်းဓာတ်က ခန္ဓာကိုယ်က အလွယ်တကူ စုပ်ယူနိုင်ပါတယ်။ အဲ့ဒီအပြင် ဗီတာမင်ဓာတ်နဲ့ သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် စိတ်ရော ကိုယ်ပါ လန်းဆန်း တက်ကြွစေပါတယ်။

မြေပဲ ထောပတ်

မြန်မာတွေ စားပေးတာတော့ နည်းပေမယ့် မြေပဲထောပတ်မှာလည်း ကျန်းမာရေးအတွက် အရမ်းကောင်းတဲ့ အာဟာရဓာတ်တွေအများကြီးပါဝင်ပါတယ်။

မြေပဲထောပတ်ထဲမှာ သွေးအတွင်း သကြားဓာတ်တွေကိုမြင့်စေတဲ့ ဓာတ်တွေပါဝင်ပါတယ်။ ဒါ့ကြောင့် မြေပဲထောပတ်နဲ့ ငှက်ပျောသီး တို့ကို တွဲစားရင် ဗီတာမင်ဓာတ်ကြွယ်ဝစွာစေပြီး သင့်ဦးနှောက်ကို လန်းဆန်းစေကာ စိတ်ဖိစီးမှုကို လျော့ချပေးပါတယ်။