ရှာလကာရည်ကို အသားများ နယ်ဖတ်ဖို့ရန်နှင့် အချဉ်ရည် ပြုလုပ်ရန်အတွက်သာမက မိမိအိမ်ပတ်ဝန်းကျင်အတွက် ဘက်စုံအသုံးပြုနိုင်ပါတယ်။ မိမိအိမ်အတွက် ဈေးကြီးသော သန့်ရှင်းရေးပစ္စည်းများ ဝယ်သုံးမယ့်အစား ရှာလကာရည်တစ်ပုလင်း ရှိရုံနဲ့တင် မီးဖိုချောင်သန့်ရှင်းရေးနှင့် အခြားအိမ်တွင်းသန့်ရှင်းရေးများအတွက်ပါ အသုံးတည့်ပါတယ်။

ဒါဆိုရင် ရှာလကာရည်ကို ဘယ်လိုအသုံးပြုနိုင်မလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။

အင်္ဂတေကြွေပြားများကို သန့်စင်နိုင်ခြင်း

ဘရက်ရှ်တစ်ခုကို ရှလကာရည်ထဲတွင် စိမ်ထားလိုက်ပါ။ မိနစ်အနည်းငယ်အကြာမှာတော့ ညစ်ပတ်နေသော အင်္ဂတေကြွေပြားများကို ထိုဘရက်ရှ်ဖြင့် ပွတ်တိုက်ပေးပါက သန့်ရှင်းတောက်ပြောင်သွားပါလိမ့်မယ်။

မိုက်ခရိုဝေ့ဖ်ကို သန့်စင်နိုင်ခြင်း

အချိုးတူ ရောစပ်ထားသော ရှာလကာရည်နှင့် သံပုယိုရည်တို့ကို နွေးနွေးလေးဖြစ်သွားအောင် အပူပေးလိုက်ပါ။ ရရှိလာတဲ့ဖျော်ရည်ပူပူလေးဖြင့် ပေကျံနေသော မိုက်ခရိုဝေ့ဖ်နံရံများကို ပွတ်တိုက်ကာ သန့်ရှင်းရေး ပြုလုပ်နိုင်ပါတယ်။

ရေပန်းရဲ့ရေပိုက်ခေါင်းကို သန့်ရှင်နိုင်ခြင်း

Source: Amazon.ae

မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၅ ဇွန်းကို ရှာလကာရည် စားပွဲတင်ဇွန်း ၁၆ ဇွန်းဖြင့် ရောနှောလိုက်ပါ။ ရရှိလာတဲ့ ဖျော်ရည်ကို ပလပ်စတစ်အိတ်ထဲထည့်ပြီးနောက် ရေပန်းပေါ်တွင် ချိတ်ဆွဲထားလိုက်ပါ။ မိနစ်အနည်းငယ်ကြာတဲ့အခါမှာတော့ ထိုအိတ်ကို ဖယ်ရှားပြီး သွားတိုက်တံဖြင့် ပွတ်တိုက်ပေးလိုက်ပါ။

အမှိုက်ပုံးမှ ထွက်ရှိသော အနံ့အသက်ဆိုးများကို ဖယ်ရှားပေးခြင်း

Vinegar

မုန့်ဖုတ်ဆိုဒါ ပန်းကန်လုံးတစ်လုံးစာကို ရှာလကာရည် ပန်းကန်လုံးတစ်လုံးစာဖြင့် သမအောင် ရောနှောလိုက်ပါ။ ထို့နောက် ရေနွေးပူဖြင့် ထပ်မံရောနှောကာ ရရှိလာတဲ့ အရည်အရောအနှောကို အမှိုက်ပုံးထဲ လောင်းထည့်လိုက်မယ်ဆိုရင် ထိုအမှိုက်ပုံးက နံ့စော်နေတော့မှာမဟုတ်တော့ပါဘူး။

ရေခဲသေတ္တာသန့်ရှင်းရေးအတွက် အသုံးတည့်ခြင်း

ရေ ဖန်ခွက်တစ်ဝက်စာကို ရှာလကာရည် ဖနခွက်တစ်ဝက်စာဖြင့် သမအောင် ရောနှောပြီးနောက် ရေခဲသေတ္တာစင်နှင့် နံရံများကို အလွယ်တကူ သန့်ရှင်းရေး ပြုလုပ်နိုင်ပါတယ်။

လက်သည်းကျန်းမာရေးအတွက် ပြုလုပ်နိုင်ခြင်း

Source: Hellolidy.com

ဒီအချက်ကတော့ အလှအပနဲ့ သက်ဆိုင်သွားပါပြီ။ သင့်ရဲ့လက်သည်းလေးတွေ ကျိုးလွယ်လို့ပဲဖြစ်ဖြစ်၊ လက်ချောင်းများ အရှည်မြန်ချင်လို့ပဲဖြစ်ဖြစ် ဒီနည်းလမ်းလေးကို အသုံးပြုနိုင်ပတယ်။

သင့်ရဲ့လက်သည်းလေးများကို ရှာလကာရည်ထဲ ငါးမိနစ်ခန့် စိမ်ပေးရုံပါပဲ။ ဒါဆိုရင် လက်သည်းများ ကျန်းမာလှပလာပါလိမ့်မယ်။

Source: Littlehouselovelyhome.com